ဧကရာဇ်က ဧကရီကို အားကိုးတယ်

819 61 11
                                        


* တစ်ကြော့ပြန်သော သမိုင်းကြောင်း *

အပိုင်း ( ၆၀)

နေ့ရက်တိုင်းကျိယန်က ဧကရီကို ကျန်းမာရေး
စမ်းသပ်မှုတွေပြုလုပ်ပြီး အစားအသောက်ကိုသင့်တင့်အောင်ချက်ပြုတ်ပေးကာ အချိုမုန့်များမှအစ ဆေးအနည်းစီထည့်ကာ ဧကရီအားစားသုံး
စေပြီး ဧကရာဇ်က အခှန်တိုင်းဧကရီအနားမှာ
အဖော်ပြုပေးနေတဲ့အတွက် ဧကရီရဲ့စိတ်ပိုင်း
ဆိုင်ရာ အားနည်းမှုက ကောင်းမွန်လာတယ်
ဟောက်ရွှမ်းက ဧကရီရဲ့နေ့စဉ် ချစ်ခင်စွာ စ
နောက်မှုကို ဒူပေဓံပေ ခံရင်း ဧကရီအတွက်အ
တော်စိတ်ကျေနပ်စေတယ် ပြည့်ရှင်ဟာ အဆိုး
လေးကို မတားမြစ်ပဲ ကမ်းကုန်အောင်အလို
လိုက်ထားပေးတယ် တစ်ပတ်ကြာအောင်နေပြီး
တဲ့နောက်တော့ နန်းတော်ကိုပြန်လာကြတယ်

ဧကရီလေးက ကျန်းမာရေးကောင်းမွန်လာတဲ့အ
တွက် ဧကရာဇ်နဲ့အတူနေ့စဉ် ညီလာခံတတ်ပြီး
တိုင်းရေပြည်ရေးအဖြာဖြာကို ဆွေးနွေးလာတယ်
အမတ်ဝမ်ရိုဟန်က သိသာစွာငြိမ်သက်နေပြီးသူ့
ရဲ့လုပ်ဆောင်ချက်တွေက ပုံမှန်ဖြစ်နေတယ်
ဧကရာဇ်က စီမံချက်တိုင်းကိုပြတ်သားစွာ ဆုံး
ဖြတ်ပေးပြီး ဧကရာဇ်ဟူသော အရှိန်အဝါကို
ထုတ်လွှင့်ပေးထားတယ်  ဧကရီက နှာခေါင်း
းလေးရှုံ့သွားတယ် သူ့ဘေးကအမျိုးသားဟာ
ချစ်စရာကောင်းအောင် မာန်တတ်နေတယ် ပုလ္လင်
လက်တန်းပေါ်တွင်တင်ထားတဲ့လက် တစ်ဖက်
ကတောင့်တင်းခိုင်မာနေပြီး ရင်အုပ်ကျယ်ကျယ်
ရှိတဲ့အမျိုးသား၏ ထိုင်နေပုံတွင်ပင် မြင့်မားကာ
ခိုဝင်စရာကောင်းလောက်သော အထောက်အပံ့
ကောင်းအရိပ်အာဝါသ ရှိကြောင်းတစ်ချက်
ကြည့်ရုံနဲ့သိနိုင်တယ် အမျိုးသမီးများ အသက်
စွန့်လို့ အနောက်ဆောင်ဝင်ချင်ကြတာမဆန်း
ကြယ်ပါဘူး ဒါ့အပြင် ဒီအမျိုးသားဟာ သူကလွဲ
၍ တစ်ဦးတစ်ယောက်ကိုမှ ချစ်ခင်လာလိမ့်မည်မ
ဟုတ် သူက သေချာပေါက် လူထုတစ်ချို့ရဲ့ရန်
သူ ဖြစ်နေလိမ့်မည် ဧကရီက ရုတ်တရက်အတွေး
နယ်လွန်နေတာကို သတိထားမိသွားပြီး ပြုံးမိ
သွားတယ်

ဧကရာဇ်က သူ့ဘေးရှိ ယုန်ပေါက်လေး၏ နူးညံ့
သော အပြုံးကိုမြင်ပြီး ရှေ့က မှူးမတ်တစ်သိုက်ကို
လျစ်လျူရှုလိုက်တယ်

တစ်ကြော့ပြန်သော သမိုင်းကြောင်းМесто, где живут истории. Откройте их для себя