* တစ်ကြော့ပြန်သော သမိုင်းကြောင်း *အပိုင်း ( ၃၂)
(စကားစပ် အပိုင်း ၃၂ တောင်ရောက်ပီ ခုထိ
ဘာမှ မဘာရသေးဘူး 😁😁)ကျန်းချန်နဲ့ဟောက်ရွှမ်းက နေပူကျဲတဲမှာ ဒူးထောက်ကာ ကိုယ်ကိုမတ်လို့ အပြစ်ပေးခြင်းခံနေရတယ်
မနေ့ကည ဟိုဝက်မူးကောင်ရဲ့ နှိပ်စက်မှုကြောင့်
သူတို့ နှစ်ဦးသေချင်ယောင်ဆောင်ရင်း ထိုလှဲမိ
ရာ နေရာမှာပဲ အိပ်ပျော်သွားကြတယ် ဆရာကျိယန်က လာရောက်ခေါ်ဆောင်ပေမယ့် တာဝန်
ရှိသေးတာကြောင့် ကြံရာမရသေးခင်မှာပဲ မင်းသားကြီး လန်ရှီးချန်က ခေါ်ဆောင်သွားနိုင်
ကြောင်း အကူအညီပေးလာခဲ့တယ် ကျိယန်က
ဟောက်ရွှမ်းကို တွဲကူကာ လန်ရှီးချန်က ကျန်းချန်အား ပွေ့ချီလို့ မင်းသားကြီးရဲ့အဆောင်တော်ကိုပဲ သူတို့ရောက်ရှိခဲ့တယ် မင်းသားကြီး၏
ဘေးအခန်းမှာပဲ အိပ်စက်ခဲ့ကြရပြီး မနက်လင်း
တော့ ကျန်းအမတ်ကြီးက ဆူကာ နှစ်ယောက်စ
လုံးကို ကျန်းအိမ်တော်သို့် ပြန်ခေါ်လာခဲ့တယ် အဲ့
နောက် ကျန်းသခင်မကြီးက ပွစိပွစိ ဆုံးမစကား
အား နားအူအောင် ကြားနာပြီးနောက် ယခုလို အ
ပြစ်ပေးခြင်းခံနေရတာပဲ သေရည်အရှိန်နဲ့ မူးမှိန်း
နေတာဖြစ်လို့ အဖြစ်အပျက် အစအလယ်အဆုံး
အကုန်သိတဲ့ ကျန်းချန်ရဲ့မျက်နှာက ရှုံ့တွတွ ဖြစ်
နေရှာတယ်ကျန်းချန်က တွေးရင်း တွေးရင်း ဒေါသဆူလာ
တယ် သူတို့ ဘာအပြစ်လုပ်လို့ တနြ်း!!ဟောက်ရွှမ်း '' ရွှတ် ''
ကျန်းချန်'' တိတ်စိမ်း ရုပ်ကြမ်းကြီးနဲ့ ငိုမနေနဲ့ ''ဟောက်ရွှမ်းက မျက်ရည်လေးဝဲဝဲနဲ့ ကျန်းချန်ကို
လှည့်ကြည့်လာတယ် ပြီးတော့သူ့ဘာသာ ဆက်
ငိုတယ် ကျန်းချန်ဟာ တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်
ချင်သွားတယ်ဒီကောင်ငမူး အမူးမပြေသေးဘူး ဟ!
ကျန်းချန် '' အော် ငါ့နှယ် ငါ့နှယ် ဘယ်ဘဝက
ဝဠ်နာ ကံနာ စိတ်နာ ခန္ဓာနာ တွေလာကြုံနေရ
တာပါလဲ ''ကျန်းချန်က ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့အဖြစ်တွေကို
သူပြန်တွေးရင်း တော ထွက်ချင်လာတယ်
ဖြစ်လိုက်ရရင် မသက်မသာကြီးပဲ သူ့မှာ
သေဖော်သေ ဖက် နှစ်ကောင်ရှိတော့လည်း
ဘယ်လို နာနာ နာပါ စေပေါ့
YOU ARE READING
တစ်ကြော့ပြန်သော သမိုင်းကြောင်း
Fanfictionဒါက phyu thway 8 အကောင့်ရဲ့ အဆက်ပါ အဲ့ဒီ့အကောင့်က သာသာ ပြန်ဝင်မရတော့လို့ပါ အပိုင်း ၂၄ က စ တင်ပေးပါမယ်