Episode-1

4.1K 242 14
                                    


>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<

"Jin hyung..Seokjin hyung.. Kim Seokjin-shii..''

အခန်းတံခါးကိုခေါက်ပြီး မထူးမချင်း သူ့နာမည်ကို ညီဖြစ်သူ Kim Tae-hyungတစ်ယောက် တကြော်ကြော်ခေါ်နေတော့သည်။

ညီဆိုပေမဲ့ အရင်းတော့မဟုတ်။ Tae-hyung က Seokjin နှင့်သုံးနှစ်ကွာ ညီဝမ်းကွဲ၊ နှစ်ယောက်မရှိသည့် ဦးလေးဖြစ်​သူ၏သားဖြစ်သည်..။ သူက ဒီနှစ်မှ GUFL (Gachon University of Foreign Language ) မှာ First Year (E Major) စတက်တာဆိုတော့ (Japanese Major) Third Year တက်နေပြီဖြစ်တဲ့ သူကပဲ အစစအရာရာ ကူညီပေးနေရတာပါပဲ...။ဆိုတော့ ဒီကောင်လေးကို သူနဲ့အတူ အဆောင်ပါအတူတူခေါ်ထားခဲ့ရသည်လေ....

Seokjin ကတော့ အာရှတော်ဝင် ဟော်တယ်နဲ့ခရီးသွားလုပ်ငန်းတစ်ခုလုံးကို စီမံခန့်ခွဲအုပ်ချုပ်ရသည့် ဥက္ကဋ္ဌကြီးတဖြစ်လည်း သူဋ္ဌေးကြီး Kim So Jung ၏ သုံးယောက်မြောက်၊ Kimမျိုးနွယ်၏ အငယ်ဆုံးသား Kim Seokjin ဖြစ်သည်။ Seoul မြို့မှအစပြု၍ တောင်ကိုရီးယားတစ်နိုင်ငံလုံးအဆုံးအပြင် ကမ္ဘာ့နိုင်ငံတလွှားမှာပါ Royal Asia၏ ဂုဏ်သတင်းမှာ သင်းပျံ့ကျော်ကြားလှသည်။ Seokjinတို့မိသားစုပိုင် Royal Asiaသည် ရုံးခွဲများစွာတိုးချဲ့လာရသည်အထိ အောင်မြင်လာသည့်အလျောက် ကင်မ်မျိုးနွယ်၏ ချမ်းသာကြွယ်ဝမှုမှာလည်း နေ့စဥ်နှင့်အမျှ တိုးလို့နေပေသည်။

ကျောင်းတက်နေစဥ်ကာလအတွင်း လူငယ်ဘဝကို ဖြတ်သန်းလိုသော အရွယ်ရောက်နေပြီဖြစ်သည့် Seokjinက မိဘတွေကို အိမ်မှာမနေချင်ကြောင်းပြောတော့ တစ်ယောက်တည်းနေခိုင်းလိုက်လျှင်လည်း သားဖြစ်သူကို ဂရုမစိုက်နိုင်၍ နွားသိုးကြိုးပြတ်သလိုဖြစ်ပြီး ထင်တိုင်းကျဲကာ ပျက်ဆီးအလေလွင့်သွားမည်စိုးတာကြောင့် အဆောင်မှူး၏အထိန်းအကွပ်ဖြင့် အဆောင်တွင်တော့ နေရမည်ဖြစ်ကြောင်း တစ်ချက်လွှတ်ရာဇသံပေးလာသည်။ Seokjinငြင်းပြန်ရင်လည်း အိမ်ကလွတ်မည့်လမ်းကြောင်း ပိတ်သွားမည်စိုး၍ ရလာသည့်အခွင့်အရေးကိုပဲ ယူခဲ့လိုက်ရသည်..။ လုပ်ချင်ရာလုပ်တတ်သည့်ပုံစံမျိုးတော့ မဟုတ်ပေမဲ့ ကျောင်းသားဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်ကြတာချည်း မဟုတ်လား။

💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)Where stories live. Discover now