Episode-33

1.1K 112 21
                                    

>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<

သူပြောထားခဲ့တဲ့အတိုင်းပါပဲ။Jungkook က အဲ့ဒီ​နေ့ နောက်ရက်ကစပြီး ဒီနေ့ဆေးရုံဆင်းမဲ့နေ့အထိ ဆေးရုံကို ထပ်မရောက်လာခဲ့တော့ပါဘူး။

'ငါ ချာတိတ်ကို မလာဖို့ပြောလိုက်တာ ရိုင်းရာကျလွန်းမနေဘူးလား..။တကယ်ဆို ဖေဖေ့ရဲ့အသက်သခင်ကျေးဇူးရှင်တဖြစ်လည်း ချာတိတ်ကို ခုလိုကြီး မပြောလိုက်သင့်ပါဘူး။သူငါ့ကို အရင်လိုပဲ သတ္တိကြောင်တဲ့သူလို့ ထင်များသွားပြီလား..။ငါ့ကို စိတ်များဆိုးသွားသလား မသိဘူး။'

"သား..''

".....''

"aww ဒီကလေး ဖအေခေါ်တာတောင် မကြားဘူး။ဘာတွေဒီလောက်တောင် အတွေးလွန်နေပါလိမ့်..။''
"Seokjin...သား..''

"ဟုတ်..ဟုတ်ကဲ့ မေမေ..''

မေမေက ဆေးရုံဆင်းဖို့အတွက် ဖေ့ဖေ့ ပစ္စည်းတွေ ပြင်ဆင်သိမ်းဆည်းနေရင်း သူ့ကိုလှမ်းခေါ်သည်။

"သား မင်းမေမေ မအားလို့ အခန်းတံခါးလာခေါက်နေတယ်..။ဘယ်သူလဲမသိဘူး.. သွားဖွင့်ပေးလိုက်ပါဦး။''

"ဟုတ် ဖေဖေ..''

ဆရာဝန်ပဲနေမှာပေါ့။ဆေးရုံဆင်းခါနီးဆိုတော့ roundလှည့်ရင်း နောက်ဆုံးတစ်ခေါက် လာစစ်ပေးတာပဲနေမှာ။

သူ တံခါးကိုဆွဲဖွင့်လိုက်တော့ အခန်းပေါက်ကသူကြောင့် အံ့သြတုန်လှုပ်သွားရသည်။

"ဟင်...ချာတိတ်''

".....''

သူတို့ဆီရောက်လာတာက နားကျပ်နဲ့ဆရာဝင်မဟုတ်ပဲ ပန်းခြင်းနဲ့ Jungkookဖြစ်နေလေသည်။

"ဘယ်လိုကဘယ်လို..''

သူ Jungkookကို တလှည့် ဆွဲထားတဲ့ ပန်းခြင်းကိုတလှည့် ကြည့်ရင်း ဖေဖေကြားမှာစိုး၍ အသံကိုနှိမ်ပြီးပြောလိုက်သည်။

"လာ..ကိုယ်နဲ့ ခေါင်မိုးထပ်သွားစကားပြောရအောင်..။''

"ကျွန်တော် အစ်ကို့ဆီလာတာ မဟုတ်ပါဘူး..''

"ဟမ်...ဒါဆို..''

"သား အပေါက်ဝကြီးမှာ ဘယ်သူမို့ စကားရပ်ပြောနေတာလဲ...။အထဲကို ခေါ်လိုက်လေ။''

💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)Where stories live. Discover now