>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
"မင်း ပြောသလိုဆို မနက်ဖြန် အစ်ကိုတို့ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်ပေါ့.. ။ဟုတ်လား Tae-hyung''
Jungkook Capachino တစ်ငုံသောက်ပြီး စားပွဲပေါ်ပြန်တင်ရင်း မေးလိုက်သည်။
Cafe တစ်ခုမှာ မေမေ့အတွက် Donuts ဝင်ဝယ်ရင်း Tae-hyungနဲ့ဆုံသည်မို့ အစ်ကိုနဲ့ပတ်သတ်ပြီး ပြောစရာရှိသည်ဆိုသောကြောင့် cooffeeသောက်ရင်း စကားပြောဖြစ်ကြသည်။
"အွန်း...Yoongi hyungပြောတာပဲ ။ငါ့ကို သြဇီပြန်လက်ဆောင်လာပေးရင်း ပြောပြတာ..''
"တွေ့ဆုံပွဲက ဘယ်မှာတဲ့လဲ..''
Tae-hyungက အအေးခွက်ကို ပိုက်နဲ့ မွှေရင်း...
"အဲ့တာတော့ ငါလည်း မေးမကြည့်လိုက်မိဘူး။''
"မင်းကလည်းကွာ ဆင်ကောင်ကြီးအမြီးကျမှတစ်နေရတယ်လို့။''
*ကျစ်*
"မင်းကလည်း ဘာခဲယဥ်းတာမှတ်လို့ အရင်လိုပဲ hyungနောက်ကလိုက်ချောင်းပေါ့ကွ။ ဘယ်သွားတာလဲ သိချင်ရင်..''
"Aww...မင်းပြောမှသိတယ်။ ထမင်းခူးပြီးသားဆိုရင်တောင် ဇွန်းပါတပ်ပေးရင် ပိုမကောင်းဘူးလား..။''
"ဘာလဲ မင်းကငါ့ကို အပြစ်တင်နေတာလား။ နောက်တစ်ခါ ဘာသိသိလာမပြောပဲ ထားလိုက်မှာနော်...ဟင်းးဟင်းး''
Tae-hyung က သူ့စကားကြောင့် နှုတ်ခမ်းစူကာ စိတ်ကောက်တဲ့ပုံစံနှင့်ပြောတော့...
"အာ...သူငယ်ချင်းကလည်း ငါကမင်းကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ဘယ်အချိန်ဖြစ်ဖြစ် မင်းအလိုက်သိတတ်ဖို့ ငါကပြောပြတာပါ..။ ဟိုဟာကွာ အထက်တန်းအောင်ဖို့မလိုဘူး အလိုက်သိဖို့ပဲလိုတယ်လေ..ဟုတ်ဖူးလားလို့ ဟီး''
(ဆယ်တန်းကို အထက်တန်းလို့ပြောင်းထားတယ်နော်***)
ကြီးနေတဲ့ ရှေ့သွားနှစ်ချောင်းကို တမင်ပေါ်အောင် သွားကိုဖြီးပြရင်း အောင်သွယ်တော်လေးကို သူအလျှင်အမြန်ချော့ရတော့သည်။

YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanficအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...