Episode-16

1.5K 159 8
                                    

>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<

"ရေခဲမုန့် ဝယ်ကျွေးလို့..ရေခဲမုန့်စားချင်တယ်...''

"အာ..တော်ပြီကွာ...အစ်ကိုချောင်းတွေဆိုးလိမ့်မယ်..အခြားဟာ ဝယ်ကျွေးခိုင်း...

ရေခဲမုန့်ကလွဲပြီး တခြားတစ်ခုခုပြော..''

"ဟင့်အင်း...chocolate ရေခဲမုန့်ပဲ စားချင်တာ..''

"အစ်ကို မဆိုးနဲ့ကွာ...

Chocolate cakeကြိုက်တယ်မလား..Chocolate cakeပဲစား.. လာဝယ်ကျွေးမယ်''

"ခုက ရေခဲမုန့်ပဲစားချင်တာပါဆိုနေမှ..''

".....''

Jungkookကလည်း ဇွတ် cakeပဲ ဝယ်ကျွေးမယ်ဆိုပြီး cake ဆိုင်လေးဆီကို ဆွဲခေါ်လာတော့ Seokjin နောက်ကနေ ဝယ်လာတဲ့ အထုတ်လေးတွေနှင့်အတူ မလိုက်ချင်လိုက်ချင် ဒရွတ်ပါလာသည်။

ဆိုင်ရှေ့ရောက်တာနဲ့ Jungkookမုန့်မှာလိုက်မယ်လုပ်တော့ Seokjinဆွဲထားတဲ့လက်ကို စောင့်ဖြုတ်လိုက်ပြီး...

"တော်ပြီ..ဘာမှမစားတော့ဘူး ပြန်မယ်...''

ပြောရင်း ဆိုင်ထဲကထွက်သွားပြီး ရှေ့ကနေ သုပ်သုပ်သုပ်သုပ်နှင့် ထွက်သွားလေတော့ Jungkookအပြေးလေးလိုက်ရင်း...Seokjin လက်ကလေးကို အမိအရ ပြန်ဖမ်းဆွဲလိုက်သည်။

"ဟာ...အစ်ကို စိတ်ကောက်သွားတာလား.. မကောက်ပါနဲ့ကွာ..ကျွန်တော်က ခြူခြာတတ်တဲ့ အစ်ကို့ကို စိတ်ပူလို့ မစားစေချင်တာပါ...''

"ခုမှ ဘာမှမဖြစ်တာ အကောင်းကြီးကို.. စားပြီးလို့ဖြစ်ရင်လည်း ဘာအရေးလဲ ဂရုစိုက်ပေးမဲ့ ချစ်သူတစ်ယောက်လုံးရှိနေတာကို... ''

"အံမယ်.. အားကိုးရှိတော့ လုပ်ချင်ရာလုပ်မယ်ပေါ့...''

"ဘာလဲ နေမကောင်းရင် ပြုစုရမှာစိုးလို့လား..''

"မဟုတ်ရပါဘူးဗျာ...''

"မဟုတ်ဘူးဆိုရင် ရေခဲမုန့်ဝယ်ကျွေး..''

"ဟင်.. ဘာဆိုင်လို့လဲ...''

💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)Where stories live. Discover now