>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
"Tae-hyung-ah....''
"Omm''
" Jin hyung တို့အတွဲက ခုထိအဆင်မပြေသေးဘူးလား..ဟုတ်လား''
ဂိမ်းဆော့နေသည့် Tae ဆီမှ ommတစ်ခွန်းပဲ ပြန်ထူးပြီး သူဆက်မေးတာကို မကြားသည့်အပြင် စကားပြန်ပါမလာ၍ Jimin စိတ်မရှည်တော့ပေ။ထို့ကြောင့် ဘေးချင်းကပ်ရက်ထိုင်နေသည့် Tae-hyung ဘက်သို့ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး...
"Yahhh Kim Tae-hyung!!''
"ဟမ်...ဘာ...ဘာဖြစ်လို့လဲဟင် ငါတို့ MinMin လေး''
"ဘာခုမှ ငါတို့ MinMin လေးလဲ...
ဟင်းဟင်း..အချိုးတွေနော်... အချိုးတွေ။ အဖြေမပေးခင်ကတစ်မျိုး ပေးပြီးတော့တစ်မျိုးမလုပ်နဲ့ဗျ။ ရင်ထဲမှာ ပန်းတွေမပွင့်တော့ဘူးနော်''
ဟုတ်တယ်လေ..သူငယ်ချင်းသံယောဇဥ်ကနေ အဆင့်တက်ချင်တယ်လို့ သူ့ဘက်ကစပြောလာလို့ ကိုယ်မှာအံ့သြခဲ့ရပြီး အဖြေကိုတောင်ချက်ချင်းမပေးခဲ့ပဲ သူ့ဘက်ကခံစားချက်ကစစ်မှန်ရဲ့လားဆိုတာ အမျိုးမျိုးစမ်းသပ်ပြီးမှ အဖြေပြန်ပေးခဲ့ရတာ။ သို့ပေမဲ့ သူ့ဘက်ကလည်း ဟိုးအရင်သူငယ်ချင်းဘဝကတည်းက Tae-hyung အပြင် သူကိုယ်တိုင်တောင်မသိလိုက်ပဲ အပြာရောင်ရင်ခုန်သံလေး ကိန်းအောင်းနေခဲ့ရသည်လေ။
ခုတော့ ချစ်သူမဖြစ်ခင်က သိပ်ဂရုစိုက်သလောက် ဖြစ်ပြီးကာမှ အလုပ်မအားလို့ ခဏခဏမတွေ့ဖြစ်သလို တွေ့ဖြစ်ပြန်တော့လည်း ကိုယ်တော်ချောက ဂိမ်းကို သဲကြီးမဲကြီးဆော့ပြီး ကိုယ်ပြောတာကို အရေးမစိုက်ပြန်ဘူး။ ဒါတောင် ချစ်သူသက်တမ်းရင့်သေးတာမဟုတ် ။ တွဲလာတာများကြာရင် ဒီထက်ပိုအပစ်ထားခံရမလားမသိ..။ တွေးရင်းနဲ့တောင် စိတ်ကောက်ချင်လာပြီ။
"အာ...အဲ့လိုမဟုတ်ပါဘူး သဲလေးရာ။ ကို, ဒီအဆိုးလေးကို ချစ်လွန်းလို့ ဘယ်လောက်ထိအလိုလိုက်၊ ဘယ်လောက်သည်းခံပြီး အချစ်တွေပြန်ပေးအောင် ဘယ်လောက်တောင်းခံခဲ့ရလဲဆိုတာ သိသားနဲ့။''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...