>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
ဒီလိုနဲ့ အသည်းကွဲပလေးဘွိုင်ကြီး Jungkook တစ်ယောက် Sulliနဲ့ ပြတ်ပြီးနောက်ပိုင်း မသောက်ဖူးတဲ့ အရက်တွေကို သောက်တတ်လာသလို ရည်းစားတွေလည်း ထည်လဲတွဲဖြစ်လာသည်။တကယ်မချစ်ပဲ တွဲချင်စိတ်ရှိရင် ကောက်တွဲပစ်လိုက်သည်။သူ့ရုပ်ရည်ကြောင့်မို့ လာကပ်တဲ့သူတွေကလည်း ယောက်ျားမိန်းမ,မရွေး အောင်းသိုက်နေတော့ ရည်းစားတစ်ယောက်ကောက်ထားလိုက်ဖို့အတွက် သူ့မှာအလွယ်လေးဖြစ်နေလေသည်။
တစ်ယောက်ကို တစ်ပတ်အပြင်ပိုမတွဲပေ။သူစိတ်တိုင်းမကျဘူးဆိုရင် တစ်ပတ်မပြည့်ခင် ဖြတ်လိုက်တဲ့သူတွေလည်းရှိသည်။သူ့ကို စိတ်ရှုပ်အောင်မလုပ်ရင်တော့ တစ်ပတ်ထက် ပိုခံသည်။သူ့ဘက်က စဖြတ်ပစ်တဲ့သူချည်းပဲ။
ပြီးရင် သူ့ဘက်ကလည်း စဖြတ်သေး အသဲကွဲသမားတစ်ယောက်လိုမျိုးနဲ့ အရက်တွေက သွားသွားသောက်တတ်သေးတာ။
ရည်းစားတွေသာ ဆက်တိုက်ထားနေပေမဲ့ သူတစ်ခါမှ သူများသားသမီးအပေါ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ဖူးတာမျိုး မရှိခဲ့။သူက မိကောင်းဖခင်သားသမီးတစ်ယောက်မဟုတ်လား။
ဒီနေ့လည်း ကောင်မလေးတစ်ယောက်ကို သူအသစ်တွေ့နေပါပြီ...မင်းကို တကယ်မချစ်ခဲ့ပါဘူး ပြောပစ်ခဲ့ပြီး သူ့ဘက်ကပဲ အရင်လမ်းခွဲခဲ့သည်။
မျက်နှာများတဲ့ မိန်းမတွေ ဒါမျိုးနဲ့ပဲတန်တယ်..။
"ဟင်...Jeon Jungkook မင်းဒီအရက်တွေကို ဘယ်အချိန်ကတည်းက သောက်တတ်နေရတာလဲ..ဟမ် မင်းအဖေသိရင်တော့ ပြဿနာတက်တော့မှာပဲ..မျက်နှာမှာလည်း ဒဏ်ရာဗလပွနဲ့ ရန်ဖြစ်လာပြန်ပြီလား...မင်းကြောင့်နဲ့ ငါအသက်တိုတော့မယ်နော်...ဟွန်း''
ထုံးစံအတိုင်း စာကြည့်ခန်းထဲတွင် ညရောက်တာတောင်မနားရသေးပဲ အလုပ်အကြောင်းphပြောနေသော ဖေဖေမကြားအောင် မေမေက သူ့ကိုထိန်းရင်း တိုးတိုးလေးပြောကာ သူ့ဗိုက်ခေါက်အားဆွဲလိမ်လိုက်သည်။
"အ...အ..မေမေ နာတယ်...''
"အော်မနေနဲ့ မင်းဖေဖေကြားသွားမယ်..ဒီဆွဲလိမ်တာလေးကျနာတယ်.. အဲ့ဒီမျက်နှာပေါ်က ဒဏ်ရာတွေကျ မနာတတ်လို့ ရန်ဖြစ်လာတာလား ဟမ်...''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...