>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
Jungkookကိုကြည့်ကာ ပြုံးရင်းရပ်ကျန်ခဲ့သော Seojinအားကြည့်၍ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြီး ဘယ်သူလဲ ဘာတွေလဲဆိုသောအထာနဲ့ အပြန်အလှန်မေးနေကြတာကတော့ အတန်းထဲမှ Namjoonနှင့် Yoon-giရယ်ပါ..။
"Yoon-gi-ah ဘယ်ကကောင်လေးလဲ သူက..''
"ငါလည်းမသိဘူးလေ..''
"နေစမ်းပါဦး Seokjinကရော ဘယ်လိုမျက်နှာပေးမျိုးဖြစ်နေတာလဲ..''
"အေးလေ ဒီကောင့်ဆီက ဒီလိုအကြည့်နဲ့အပြုံးမျိုးကို ငါတို့ပေါင်းလာတဲ့ ၃နှစ်ကျော်၄နှစ်အတွင်း တစ်ခါမှတောင် မမြင်ဖူးခဲ့ဘူး..''
"အင်းလေ ဒီမြင်ကွင်းက ရှားမှရှားပဲ..''
Namjoonက ပြောနေရင်း လက်ထဲphနဲ့ ဖျက်ဆို ကော်ရစ်တာမှာ ရပ်နေတဲ့ Seokjinအား ပုံရိုက်ယူလိုက်သည်။
သူရိုက်ပြီးတာနဲ့ Seokjinက ဒီဘက်လှည့်လာတော့ Namjoon phကို ကမန်းကတန်းဖွက်လိုက်မိသည်။
"Namjoonnie တောင်ရောက်နေပြီပဲ..''
"ကြာပေါ့ရောက်နေတာ..မင်းသာဘယ်သွားနေတာလဲ..''
"ဋ္ဌာနသွားပြီး ဆရာ့ဆီဖောင်တွေသွားပို့နေတာလေ..Yoon-giအိပ်နေလို့ First Yearက ဂျူနီယာတစ်ယောက် လိုက်ပို့ကူလို့ တော်သေးတယ် ငါ့မှာမနိုင်မနင်းနဲ့...Min Yoon-giဆိုသည်မှာလည်း အားကိုးလို့ကိုမရဘူး အိပ်ဖို့ပဲတတ်တယ်...မင်းကလည်း အားအားရှိ စာကြည့်တိုက်ပဲ သွားနေတော့တာပဲနော်..သူငယ်ချင်းလေး ဒီနှစ်ယောက်ရှိပါတယ် ..တစ်ယောက်မှကို ဂရုမစိုက်ဘူး ပစ်ထားကြတယ်...''
Seokjinတစ်ယောက် ပါးစပ်ကနေ ကရားရေလွှတ်တဲ့အတိုင်း စကားကို တရစက် ပြောနေတော့တာပဲ..။ပြောရင်းနဲ့လည်း သူငယ်ချင်းတွေ သူ့ကိုပစ်ထားလို့ဆိုပြီး ဆူနေလေရဲ့။
Namjoonမှ
"မင်းပဲ ပြောနေတော့မှာလား.. ငါတို့ပြောဖို့လည်းချန်ဦး...''
"အေးလေ...မသိရင် သူ့ကိုရိုက်စစ်မှာစိုးလို့ မမေးရဲအောင် ငါ့တို့ကို ရှေ့ကနေပိတ်ဟောက်နေသလိုပဲ..''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
أدب الهواةအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...