Episode-6

1.5K 168 4
                                    

>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<

"စာမေးပွဲလည်း နီးပြီဆိုတော့ အပျော်အပါးတွေလျှော့ပြီး စာလုပ်ကြစို့နော် တပည့်တို့..နောက်ဆုံးပိတ် အိတ်နဲ့လွယ်တဲ့...အိတ်တော့မပေါက်စေကြနဲ့ဦး..နောက်ဆုံးနှစ်တောင်ရောက်လာကြပြီဆိုတော့ စာမေးပွဲအတွေ့အကြုံတွေလည်း အများကြီးရှိလာကြပြီဆိုပေမဲ့ မပေါ့ကြနဲ့ဦးနော်...နောက်ဆုံးနှစ်ရောက်ခါမှ ကျသွားရင် အထိနာသွားမယ်ဆိုတာ ခေါင်းထဲထည့်ထား..''

Seokjinတို့အတန်း၏ Main Majorဆရာမှ တပည့်များကို စိတ်ပူ၍ အမှာစကားချွေနေခြင်းဖြစ်သည်။

"ဟုတ်ကဲ့ပါ...ဆရာ''

"aww...စာမေးပွဲတွင်းမှာ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြဦး ကဲ..ကဲ...အာ့ဆို ဒီနေ့ဆရာ့အချိန်က ဒီလောက်ပဲနော်..မဂ်လာပါ တပည့်တို့..''

"မဂ်လာပါ..ဆရာ...''

အခန်းအပြင်ထွက်မည်အလုပ် တစ်စုံတစ်ခုကို သတိရသွားသည့်ပုံနှင့် ဆရာက..

"Seokjin-ah...''

ရှေ့ဆုံးအတန်းတွင် ထိုင်နေသော Seokjinအား ခေါ်လိုက်သည်။

"ဗျာ..ဆရာ...''

"သားက နောက်ဆုံးနှစ်သမားလည်းဖြစ် အတန်းခေါင်းဆောင်လည်းဖြစ်တယ်ဆိုတော့ အတန်းတဲ့က ကျောင်းသား/သူတွေရဲ့ စာမေးပွဲဖောင်တွေကို စုမယ်နော်..ပြီးရင်လည်း အငယ်တန်းတွေဖြစ်တဲ့ first year to third year တန်းက ဖောင်တွေကို ဆရာ့ကို လိုက်သိမ်းပေးပါဦး..''

"aww...ဟုတ်ကဲ့ဆရာ ဆရာခိုင်းတဲ့အတိုင်း ကျွန်တော်လုပ်လိုက်ပါ့မယ်..''

"ဒီမှာ ရော့..ဒါက အဲ့အတန်းတွေက အတန်းခေါင်းဆောင်တွေရဲ့ နာမည်စာရင်း..ဆရာသူတို့ကို စုခိုင်းထားပြီးသား...သားကလိုက်သိမ်းပြီး ဋ္ဌာနကို ယူလာပေးလိုက်ရုံပဲ..''

"ဟုတ်..ဆရာ...''

ဆရာထွက်သွားတော့ သူလက်ထဲက စာရင်းကို ခေါက်လိုက်ပြီး..

💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)Where stories live. Discover now