>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
🗓6 Months Later🗓
အချိန်တွေကုန်လာခဲ့တာ ဒီနေ့ဆိုရင် Jungkook နဲ့ သူမတွေ့ရတော့တာ ၆လတောင်ပြည့်ခဲ့ပြီ။ ၆လဆိုတာက Jungkookနဲ့ လမ်းခွဲပြီးကတည်းက နေ့ရက်တိုင်းကို လက်ချိုးရေတွက်နေတဲ့ သူ့အတွက်တော့ ၆နှစ်မက ကြာလွန်းနေခဲ့သည်။
ဖေဖေ့သဘောကျ စောင့်ကြည့်ကာလကုန်ဆုံးသွားသည်နှင့် ဖေဖေက သူ့ကို အရင်လိုလွတ်လွတ်လပ်လပ်ပြန်နေထိုင်ခွင့်ပြုခဲ့တာမို့ ကုမ္ပဏီမှာ အကြွေးပိနေတဲ့အလုပ်တွေနဲ့အတူ ပြန်စတင်ရင်း အလုပ်ထဲမှာပဲ အာရုံစိုက်ကာ အချိန်တွေကုန်ဆုံးစေခဲ့သည်။သို့ပေမဲ့ ရင်ထဲမှာတော့ နေရာအပိုင်ယူထားပြီးသားဖြစ်တဲ့ Jungkookက အချိန်ပြည့်စိုးမိုးနေခဲ့သည်။ အလုပ်ထဲမှာပဲ စိတ်ရောကိုယ်ပါ နစ်မြုပ်ထားခဲ့ပေမဲ့ အားရင်အားသလို အရင်အချိန်တွေကို ပြန်လွမ်းဆွတ်မိသည်။ ချစ်သူအပေါ်မှာ ရက်စက်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုတွေးမိရင် မုန်းတီးသည်။နာကျည်းမိသည်။
သူနဲ့အတူ သွားနေကျနေရာတွေ စားနေကျအရာတွေကို မတော်တဆသွားမိသည်ပဲဖြစ်ဖြစ် စားမိသည်ပဲဖြစ်ဖြစ် အဲ့ဒီလိုအချိန်မျိုးတွေမှာ သူ့ကိုရူးမတက်လွမ်းမိတာကြောင့် မျက်ရည်အလိုလိုဆို့ကာ ရင်ထဲက တဆစ်ဆစ်အောင်တတ်သည်။ ထို့ကြောင့် နှစ်ယောက်အတူရှိစဥ်က အမှတ်တရတွေကို သတိရစေမဲ့အရာဆို တမင်သက်သက် ရှောင်သည်။
ဘာကြောင့်ဆို ထိုအရာတွေက Jungkookကို တွေ့ချင်တဲ့သူ့ရဲ့စိတ်တွေကို တွန်းအားပေးနေသည်လေ။ သူတို့နှစ်ယောက် တွေ့ဖို့တော့ လုံးဝမဖြစ်ပေ။ ဖေဖေက နောက်ထပ်ကြင်ဖက်မတွေ့ချင်ရင် Jungkookနှင့်သူ လုံးဝအဆက်အသွယ်မလုပ်ရဘူးဟူသည့် ကတိကို တောင်းထားခဲ့ခြင်းကြောင့်ပင်။ Jungkookကို တွေ့ချင်လွန်းလှပေမဲ့ ကြင်ဖက်ကိုတော့ မတွေ့ချင်ပါ။ ထို့ကြောင့်သာ.....
သတိရတိုင်း တစ်ယောက်ထဲခံစား၍ ကြိတ်ငိုသည်။ ကိုယ့်ကို သူ အဲ့နေ့ကတည်းက မုန်းများသွားပြီလားဆိုသည့်အတွေးက သူ့ကို အကြိမ်ကြိမ်သတ်သည်။ကွယ်ရာကနေ နေ့စဥ်ရက်စက် တောင်းပန်နေခဲ့မိပေမဲ့ သူကတော့ သိနိုင်မည်မဟုတ်ပေ။
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...