>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
Jungkookတစ်ယောက် ဒီနေ့တော့ အရင်ရက်တွေကလို သူ့မေမေတောင် နှိုးစရာမလိုပဲ အစောကြီးနိုးနေလေသည်..။
မဟုတ်သေးပါဘူး..ညကတည်းက အိပ်မပျော်ပဲ ဟိုလှိမ့်ဒီလှိမ့်နှင့် မိုးသာလင်းသွားတယ်။ အိပ်မပျော်ဆို ဒီနေ့ သူ Seokjinကို ဖွင့်ပြောဖို့အတွက် ရည်ရွယ်ထားခဲ့သည်မဟုတ်လား။
နိုင်ငံခြားကနေ ပြန်ရောက်ရောက်ချင်း ချက်ချင်းကြီးဖွင့်ပြောတော့မှာလားဟု တွေးကောင်းတွေးနိုင်သည်။
သူဒီလို မျက်နှာချင်းဆိုင်ပြီး ချစ်တယ်ဆိုတဲ့စကားကို လေးလေးနက်နက်ပြောခွင့်ရဖို့အရေး ဖောက်ထွက်မတက်ဖြစ်နေတဲ့ နှလုံးသားကို ထိန်းချုပ်လို့ စောင့်စည်းလာခဲ့ရတာလည်း ကြာပြီလေ...။
အစ်ကို့ကို ကိုယ့်ကိုယ်ကိုထက်ပိုပြီး အများကြီးချစ်ပေးနိုင်အောင်ပြင်ဆင်ဖို့ ၂နှစ်ဆိုတဲ့အချိန်ကာလက သူ့အတွက်တော့ လုံလောက်တာထက်ပိုနေခဲ့တယ်..။၂နှစ်အတွင်းမှာ လွမ်းတဲ့ဒဏ်ကို အလူးအလဲခံခဲ့ပြီးပြီမို့ ခုတော့ နီးစပ်ဖို့အရေးကြိုးစားရတော့မယ်။
Jungkook သီချင်းတအေးအေး၊လေလေးတချွန်ချွန်နှင့် ရေချိုးနေလေသည်။
သူ့မေမေကတော့ နှိုးနေကျအတိုင်း သားဖြစ်သူကိုနှိုးမယ်ဆိုပြီး သူ့အခန်းရှိရာဆီသို့ ဦးတည်လာခဲ့သည်။
"အမလေး ကြားသားမိုးကြိုးနော်...ငါတောင်မနှိုးရသေးဘူး အစောကြီးထပြီး သူကရေတောင်ချိုးနေပြီပဲ..ထီထိုးရင်တောင် ပေါက်ရချည်သေးရဲ့...
ကြည့်စမ်း..ကြည့်စမ်းသီချင်းတအေးအေးနဲ့ ကောင်မလေးနဲ့ Dateသွားလုပ်မဲ့သူလို အရမ်းတွေတက်ကြွနေပါလား...ဒါနဲ့နေပါဦး သူ့ကောင်မလေးနဲ့က အရင်တစ်ခါက ပြတ်သွားပါပြီ...ခုကနောက်တစ်ယောက်များလား..''
"Immm...ငါ့သားလေး ဒီလိုမျိုးတက်ကြွတာ နှစ်ခါပဲ ကြုံဖူးသေးတယ်..ဟိုပထမတစ်ခါက သူ့စီနီယာဘွဲ့ယူတာကို သွားဂုဏ်ပြုမဲ့နေ့တုန်းကတစ်ခါ၊ ခုတစ်ခါ..
ဟူးး တော်သေးတာပေါ့...အရင်တုန်းက ပုံစံလေးအတိုင်းပြန်ဖြစ်သွားလို့..''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...