>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
"လူနာ ကံကောင်းတယ်လို့ပဲ ပြောရတော့မှာပဲ..။ဒါမျိုးက အချိန်နောက်ကျသွားတာနဲ့ အသက်အန္တရာယ် စိုးရိမ်ရနိုင်တယ်ဗျ။တော်သေးတာပေါ့ဗျာ.. ဖြစ်ဖြစ်ချင်း အရေးပေါ်ခေါ်ပေးမဲ့သူ အနားမှာရှိနေလို့..
နောက်ပြီး တကယ့်တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရှားပါးတဲ့ AB သွေး possitiveကို Jungkook-shiiဆီကပဲ ရလိုက်တာကြောင့် အချိန်စောင့်စရာမလိုတော့ လူနာအတွက် အရမ်းအဆင်ပြေသွားတယ်လေ...။Jungkookက ဘုရားကလွှတ်လိုက်တဲ့ ကယ်တင်ရှင်ပါပဲ။''
Doctor ပြောတဲ့ စကားတွေကြောင့် သူ့စိတ်ထဲမှာ Jungkook ကိုသာ အဖန်ဖန်တလဲလဲ ကျေးဇူးတင်နေမိသည်။
ခွဲစိတ်ပြီးပြီးချင်း သွေးပေါင်ထိုးကျလာတာမို့ ဖေဖေ့အတွက် လိုအပ်တဲ့သွေးကို Jungkookဆီက ထုတ်ယူလိုက်ရတယ်။မထင်မှတ်ပဲ ဖေဖေနဲ့ Jungkookက သွေးအမျိုးအစားချင်းတူနေတယ်တဲ့။ကျွန်တော်ကကျ မေမေ့သွေးအမျိုးအစားနဲ့ သွားတူတာဆိုတော့ ဖေဖေ့အတွက် သွေးသွင်းပေးလို့မရခဲ့ဘူး။
ဟုတ်ပါတယ်။Doctorပြောသလို Jungkookက ကယ်တင်ရှင်ပါပဲ..။
"အဲ့လိုကြီးတော့ မညွှန်းဆိိုလိုက်ပါနဲ့ Doctor ရယ် အရမ်းကြီးကျယ်လွန်းလို့ပါ။ကျွန်တော်နဲ့တွေ့တာ တကယ်ကိုတိုက်ဆိုင်သွားလို့ပါ..။''
ဒီတိုက်ဆိုင်မှုလေးကြောင့်ပဲ အစ်ကို့ဘဝရဲ့ အရေးပါဆုံးလူတစ်ယောက်ကို ကယ်တင်ခွင့်ရခဲ့တဲ့သူ့ကိုယ်သူအတွက် ကျေနပ်မိတယ်။
"ဟုတ်ပါပြီ..Jungkook-shiလည်း ပင်ပန်းသွားပြီ။အားဆေးသွင်းပေးလိုက်ပေမဲ့ သွေးက ၃လုံးတောင်ထုတ်ထားတာမို့ အိမ်ပြန်ရောက်ရင် ကောင်းကောင်းအနားယူလိုက်ပါဦး။''
"ဟုတ်ကဲ့..Doctor တို့လည်း ပင်ပန်သွားရပြီ။ခွဲစိတ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်...။''
"မလိုပါဘူးဗျာ..ဒါက ကျွန်တော်တို့လိုဆရာဝန်တွေ ထမ်းဆောင်ရမဲ့ တာဝန်ပဲ။
ကဲ..အဲ့ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး။''
"ဟုတ်ကဲ့..။''
"ဟုတ်ကဲ့..တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ် doctor..''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...