>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
"ဟုတ်ကဲ့..ကျွန်တော်တို့ အာရှတော်ဝင်ကို ခုလို positive feedbackပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ..
နောက်လာရင်လည်း ဒီထက်ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ကြိုဆိုပေးပါ့မယ်...''
".....''
"ဟုတ်ကဲ့ ဟုတ်ကဲ့..ဆက်ဆက်လာခဲ့ပါဗျ...''
".....''
"ဟုတ်ကဲ့ပါ..ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေ''
Hannah Ko ကျောင်းက ကျောင်းအုပ်ကြီးက Boardအဖွဲ့ဝင်တွေနဲ့ တစ်ကျောင်းလုံးကိုယ်စား ကလေးတွေကို အစစအရာရာအဆင်ပြေအောင်ဝန်ဆောင်မှုပေးတဲ့ အာရှတော်ဝင်ကို ကျေးဇူးတင်ကြောင်း လှမ်းပြောနေခြင်းဖြစ်သည်။
ထိုအချိန် Seokjinအခန်းထဲဝင်လာသည်မို့..
"ဟော..သားလာတာနဲ့ ကွက်တိပဲ''
"ဘာလို့လဲဖေဖေ ဘာကိစ္စရှိလို့လဲ..''
"ဪ...ဘာရယ်မဟုတ်ပါဘူး ခုလေးတင် Hannah Koက သားတို့ရဲ့ ဝန်ဆောင်မှုနဲ့ပတ်သတ်လို့ သားတို့အကုန်လုံးကို ချီးကျူးနေလို့... သားတို့အတွက် ဖေဖေဂုဏ်ယူပါတယ်''
"ဟုတ်ကဲ့ပါဖေဖေ..သားတို့အားလုံးပင်ပန်းရကျိုးနပ်တာပေါ့''
"ကျန်တဲ့သူတွေကိုရော ပြောလိုက်ပါဦး တာဝန်ကျေပါတယ်လို့..''
"ဟုတ်''
"သားလည်းပင်ပန်းသွားပြီနော်..''
"မပင်ပန်းပါဘူးဖေဖေရဲ့ အလုပ်ကို အလုပ်နဲ့တူအောင်တော့လုပ်ရမှာပေါ့...''
"ဟုတ်ပါပြီ..
ဪ..ဒါနဲ့သား..သားလည်း လောလောဆည်အလုပ်ပါးနေပြီဆိုတော့..ဖေဖေပြောစရာရှိတာ ပြောရဦးမယ်...''
"ဘာများလဲဖေဖေ ပြောပါ..''
"ဖေဖေသားကို အရင်ကလည်း ပြောဖူးတယ်နော် ချစ်သူရှာပါလို့.. ဆိုတော့ ဖေဖေတို့မျိုးဆက်ကို မွေးထုတ်ပေးမဲ့ချစ်သူ သားမှာရှိနေပြီလား''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...