>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
Jungkook's POV:ကျွန်တော်တို့အလှည့်ပြီးတာနဲ့ စင်အောက်ကိုဆင်းလာခဲ့ပြီး သူများတွေဖျော်ဖြေနေတာကို မကြည့်ချင်တာရော၊ ကထားရတော့ ပင်ပန်းနေတာရောကြောင့် အနားယူချင်နေတာနဲ့ Rest Roomဆီကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အခန်းထဲရောက်တော့ မှန်တင်ခုံပေါ်က ရေဘူးကိုဆွဲယူမော့သောက်လိုက်ပြီး ပင်ပန်းလာတဲ့ ကျွန်တော့်ကို အရံသင့်ဆီးကြိုနေသယောင်ရှိတဲ့ အနက်ရောင် Sofaပေါ်ကို ခြေပစ်လက်ပစ် လှဲချလိုက်မိတယ်..။
"ဟူးးးးးး''
ခဏလောက်မှေးမယ်ဆိုပြီး မျက်လုံးမှိတ်လိုက်မိတော့ ဝိုးတဝါး မြင်ယောင်လာတဲ့ မြင်ကွင်းတစ်ခု...ကျွန်တော်မတော်တဆ တိုက်လိုက်မိလို့ ပြုတ်ကျတော့မယ်အထင်နဲ့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ နှင်းဆီဖူးလို ဖူးနေတဲ့ နှုတ်ခမ်းလေးနဲ့အတူ နဂိုဝိုင်းတဲ့ မျက်လုံးလေးတွေက ထိန်လန့်သွားလို့ ပိုလို့ပြူးကျယ်နေတယ်ထင်ရတဲ့ ကောင်လေးတစ်ယောက်... ပြုတ်ကျမှာစိုးလို့ ကျွန်တော့်လက်နဲ့ ဖမ်းဆွဲလိုက်တော့ ရင်ခွင်ထဲရောက်လာတဲ့ ဒီအကောင်သေးသေးလေးရဲ့ စောနက ပြူးကျယ်နေတဲ့ မျက်လုံးဝိုင်းလေးတွေက အရောင်တလက်လက်နဲ့ ကျွန်တော့်ကို ကြည့်နေလိုက်တာများ ညဘက်မှာလင်းနေကျ ကြယ်လေးတွေတောင် အရှုံးပေးရမဲ့ပုံပဲ...။ ပန်းနုရောင်ဖွေးဖွေးဥဥအသားအရေကလည်း ယောက်ျားလေးတစ်ယောက်အနေနဲ့ မလိုက်ဖက်လောက်အောင်ကို နုဖက်လွန်းတယ်။ ထိရက်ကိုင်ရက်စရာပင်မရှိ..။ ဒီအစ်ကိုကြီး ဘယ်လောက်အစားပုပ်တယ်မသိ မျက်နှာလေးဆိုတာကလည်း ပြည့်ပြည့်ဖောင်းဖောင်းနဲ့ Alpaca(တောင်အမေရိက သိုးအမျိုးအစား) လေးလို ဖြူဖြူလုံးလုံးရှည်ရှည်လေးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ သိုးမွှေးလုံးလေးကွာ....။ ဘေးက ကိုယ်နဲ့ရွယ်တူထင်ရတဲ့တစ်ယောက်က hyungလို့ခေါ်လိုက်လို့သာ ကိုယ့်ထက်ကြီးမှန်း သိတယ်..အစ်ကိုက တကယ်ကို နုဖက်အုအက်ကလေးရယ်...။ ။
လန့်သွားလို့လားမသိဘူး... နဂိုက စတော်ဘယ်ရီနို့နှစ်ရောင်မျက်နှာလေးပေါ်က ပါးနှစ်ဘက်မှာ မက်မွန်သီးရောင်လိုမျိုး အရောင်တချို့ရဲတက်လာပြီး နားနှစ်ဖက်လုံးကပါ နီရဲလာတော့ ဒီအူကြူးလေးက ဆွဲကိုက်ချင်စရာကောင်းအောင် အူယားစရာကောင်းနေတယ်... ။
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...