>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
Jungkook တစ်ယောက် ဆေးရုံကဆင်းလာကတည်းက လွမ်းနေခဲ့ရတဲ့ချစ်သူလေးကို တွေ့ချင်လွန်းလို့ ကုမ္ပဏီကိုရော အိမ်ကိုပါအပြေးသွားတွေ့လိုက်ချင်ပေမဲ့ ခြေထောက်က နည်းနည်းနာနေသေးတော့ ထော့နဲ့နဲ့ဖြစ်နေတာကြောင့် မေမေတို့ကလည်း စိတ်ပူလို့ အပြင်မထွက်ဖို့ အတန်တန်တားမြစ်ခဲ့သည်။ သူကိုယ်တိုင်ကလည်း ဒီလောက် အချိန်အကြာကြီး သူ့ကိုပလစ်ထားပြီး နေနိုင်တဲ့ချစ်သူကို ပြန်ချေချင်တာကြောင့် သူ့ဘက်ကစပြီး သွားတွေ့ချင်တဲ့စိတ်ကို မာနသေးသေးလေးနှင့် ထိန်းထားသည်။
*ဝူး....ကျွိ..*
Jungkook's POV:
ဟော...ခြံထဲကို ကားတစ်စီးဝင်လာသံကြားတယ်..။ သေချာတယ် ဒါအစ်ကိုပဲနေမှာ။ဟင်းဟင်း ခုတော့လာတွေ့ပြီပေါ့..နေနှင့်ဦး ကြားထဲမှာ ကိုယ့်ကောင်လေးကို အကြာကြီး အဆက်အသွယ်မလုပ်တဲ့အတွက် ပြစ်ဒဏ်အနေနဲ့ အနမ်းတွေ တမုန်းဆွဲပစ်ဦးမယ်။ ကျွန်တော်အချိန်အကြာကြီး ဆာလောင်ငတ်မွတ်နေခဲ့တဲ့ အနမ်းဒဏ်ကို ခံပေဦးတော့ပေါ့ အစ်ကိုရာ။
သူ့အခန်းထဲကနေ ခြံထဲသို့ကားတစ်စီးဝင်လာပြီး ဘရိတ်အုပ်သံကြားလိုက်တာကြောင့် Jungkook က Seokjinအထင်နှင့် ပြုံးဖြီးကာ ချစ်သူဝင်လာရင် ဘယ်လိုကြိုရမလဲဆိုတဲ့အတွေးနဲ့ ထမရထိုင်မရဖြစ်နေတော့သည်။ နောက်ဆုံး ခြေထောက်ကလေးကို ကြွထားပြီး ခြေတစ်ချောင်းထောက်ဖြင့် ကုတင်ပေါ်သို့ တက်လိုက်ပြီးနောက် စောင်ကလေးကို ခါးပေါ်လောက်ထိ ဆွဲချုံလိုက်သည်။
'အိပ်ယာပေါ်မှာ လှဲနေတဲ့ ကျွန်တော့်ကိုတွေ့တွေ့ချင်း စိတ်တွေပူလို့ ပြာယာခတ်နေမဲ့ အစ်ကိုမျက်နှာလေးကို ကြည့်ချင်လို့ ..
ပြီးရင် ခြေထောက်ကလှုပ်လို့မရဘူးဆိုပြီး စနောက်လို့ ချွဲရဦးမယ်'
တရွေ့ရွေ့နှင့် သူ့အခန်းနားကပ်လာတဲ့ ခြေသံဖွဖွတစ်ချို့ကို နားစွန့်ထားရင်း မျက်လုံးကိုမှိတ်ထားလိုက်သည်။
'ဟော...ဝင်လာပြီ'
သူ့ကုတင်နားရောက်ခါနီးကိုမှန်းဆပြီး ဘာသံမှမထွက်ပဲ အနားရောက်လာသည့်လူရိပ်ကို စိတ်မရှည်စွာဖြင့် ဆက်ခနဲဆွဲကာ ကုတင်ပေါ်ကို ထိုင်စေလိုက်ရင်း...
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...