>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
အစ်ကိုကျောင်းပြီးသွားတဲ့နောက်ပိုင်း သူနဲ့အဆက်အသွယ်လုံးဝကို ပြတ်သွားခဲ့တယ်။ Social Networkမှာလည်း တွေ့မလားတွေ့မလားနဲ့ သူရှာကြည့်မိပေမဲ့ မတွေ့တော့ဘူး..။ အစ်ကို့ကို ဘာဖြစ်လို့ လိုင်းပေါ်မှာတောင် မတွေ့ဖြစ်တော့တာပါလိမ့်..။
နေကောင်းလားမကောင်းဘူးလား အိမ်ကိုသွားမေးရအောင်ကလည်း အစ်ကို့အိမ်ကို သူမသိတော့ အစ်ကို့အကြောင်းတစွန်းတစကြားဖို့ သူဘယ်လိုမှ မတတ်နိုင်ဘူးဖြစ်နေတယ်လေ..။ သူ့ကိုယ်သူအပြစ်ရှိတဲ့သူတစ်ယောက်လို ခံစားနေရတာမို့ အစ်ကို့သူငယ်ချင်းတွေကိုလည်း အစ်ကို့အကြောင်း မေးမကြည့်မိခဲ့။
ခုလိုသူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အေးစက်သွားတော့လည်း Jungkookရင်ထဲမှာ ဘာလိုလို့လိုနေမှန်းမသိ ဟာတာတာကြီးဖြစ်နေခဲ့လေသည်...။
ဘာလိုလိုနဲ့ Seokjinတို့ ဘွဲ့ယူရတော့မဲ့အချိန်တောင် ရောက်လာခဲ့ပြီ...။
မနက်အိပ်ယာနိုးတာနဲ့ အိပ်ယာထဲကphကို ယူပြီး Internetဖွင့်ကြည့်မိတော့ Jungkook accထဲက Final yrတစ်ချို့ ဘွဲ့ဝတ်ဆုံနှင့်ပြင်ဆင်နေကြပြီး ပျော်ရွှင်စွာရိုက်ထားတဲ့ ပုံတစ်ချို့ကိုတွေ့တော့...
Jungkook's POV:
ဟာ..ဒီနေ့ အစ်ကိုတို့မေဂျာ ဘွဲ့ယူရမဲ့နေ့ပဲ..။ ငါဘွဲ့ရသွားပြီဖြစ်တဲ့ အစ်ကို့ကို ဂုဏ်ပြုစကားသွားပြောပေးသင့်လား...ဟုတ်တယ် ပြောသင့်တာပေါ့..အစ်ကိုနဲ့ ငါ့ကြားမှာ လေးနက်တဲ့ခင်မင်မှုရှိခဲ့တာပဲ အစ်ကိုတစ်ယောက်လိုရော ညီတစ်ယောက်အနေနဲ့ပါ ငါအစ်ကို့ကို သွားဂုဏ်ပြုသင့်တာပေါ့...သွားဖြစ်အောင်သွားမယ်။Jungkook ဒီနေ့မှာ ဘွဲ့ယူမဲ့ Seokjinကို Congratulations သွားလုပ်ဖို့ဆုံးဖြတ်လိုက်တယ်..။တကယ်က သူကိုယ်တိုင်ကလည်း မတွေ့ရတာကြာလို့ တွေ့ချင်တာလည်း ပါတာပေါ့လေ...
Jungkookရေချိုးနေရင်းနှင့်..
'အင်းး..ငါ လက်ဗလာနဲ့သွားလို့တော့ မကောင်းဘူး...ဘာဝယ်သွားရင် ကောင်းမလဲဆိုတာ Hoseok hyungဆီ phဆက်လှမ်းမေးရမယ်..'

YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanficအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...