Episode-22

1.1K 103 2
                                    

>>>>>>>>>>>>>>>♥<<<<<<<<<<<<<<

"သားပြန်လာပြီလား...''

အိမ်ထဲဝင်ဝင်ချင်း သူ့ကို ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဖေဖေက စီးမေးလိုက်သည်။

"ဟုတ်..ဟုတ်ကဲ့ဖေဖေ သားအရမ်းနောက်ကျသွားလို့လား..''

ည၉နာရီကျော်နေပြီဆိုတော့ နောက်ကျလို့များ သူ့ကိုဆူတော့မယ်အထင်နှင့် ထိတ်ထိတ်ပြာပြာ မေးလိုက်သည်။

"ဪ...အဲ့လောက်လည်း နောက်မကျပါဘူး သားရဲ့ ၉နာရီကျော်ပဲရှိပါသေးတယ်..

ယောက်ျားလေးတစ်ယောက်ရဲ့ အိမ်ပြန်ချိန်ပဲ အဲ့လောက်တော့ ရှိရမှာပေါ့...

တချို့ဆို ၁၂ ကျော်မှ ပြန်ရောက်တာနဲ့ အပြင်မှာပဲ ညအိပ်လိုက်ရတာနဲ့..

ဖေဖေ့သားက လိမ္မာပြီးသားဆိုတော့ ဖေဖေက အဲ့လောက်လေးတော့ ခွင့်လွှတ်ပေးရမှာပေါ့''

"ဟုတ်ပါ့ သားရယ်.. မင်းအဖေငယ်ငယ်တုန်းကဆိုရင် ညကြီးအချိန်မတော် သူငယ်ချင်းတွေနဲ့ barတွေသွားလို့သွား မေမေတို့အိမ်ရှေ့ လာလို့လာနဲ့ သူသိပ်ကဲခဲ့တာ...သိလား''

"ဟာ..မေကြီးကလည်း သားရှေ့မှာ အရိုအသေပျက်အောင် ငယ်မူတွေပြန်ဖော်နေပြန်ပါပြီ..''

"ရှင်ပြောလို့ ကျွန်မလည်း ငယ်ငယ်ကရှင့်ကို ပြေးသတိရမိသွားလို့ပါ..

ဒါပေမဲ့ သားရဲ့ဖေဖေက မေမေ့ကိုချစ်တော့ မေမေ့စကားကိုဆိုရင် နားထောင်ရှာပါတယ်..

နားထောင်လို့လည်း ဒီအခြေအနေထိ ဖြစ်လာတာပေါ့...''

မေမေ့အပြောကြောင့် သူနှင့် Jungkookအဖြစ်ကို ပြေးမြင်မိသွား၍ သူပြုံးမိသည်။ Jungkookလည်း သူ့ကို့ချစ်လို့သာ လူဆိုးတစ်ယောက်/ပေတေလေလွင့်နေတဲ့သူတစ်ယောက် ဖြစ်လုနီးပါးကနေ လွတ်မြောက်လာတာမဟုတ်လား..။ တကယ်ပဲ အချစ်ရဲ့စွမ်းအားက ဆန်းကျယ်လွန်းလှပါဘိ။

"ကဲ.. မင်းကလည်း စကားများနေပြန်ပါပြီ..

သားအပြင်ကပြန်လာတာ ပင်ပန်းရော့မယ် နားပါစေတော့...''

💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)Where stories live. Discover now