Extra Episode-1

1.3K 100 13
                                    

>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<

"အစ်ကို မနက်ဖြန်ကျ Namjoon hyungတို့ဆီ ဖိတ်စာသွားပို့ကြမယ်မလား...''

ခန်းမအပြင်အဆင်အတွက် designရွေးနေတဲ့ Jungkookက ရေချိုးပြီးလို့ အိကျီဝတ်နေတဲ့ Seokjinကို မေးလိုက်သည်။

"အွန်းလေ... သူတို့ကိုဖိတ်ဖို့ပဲကျန်တော့တာ။မဂ်လာဆောင်က နောက်သုံးရက်ဆိုရင်ပဲ ရောက်တော့မယ် ။သူတို့ဆီ ခုထိဖိတ်စာရောက်မလာသေးလို့ ကြိမ်ဆဲနေကြလောက်ပြီထင်တယ်..။ဒီရက်ပိုင်း အားလည်း မအားတော့ phကလည်း မဆက်ဖြစ်ဘူး။''

"ဆဲရင်တော့ ကျေကျေနပ်နပ်ကြီး ခံရမှာပေါ့။ဖိတ်ဖို့သူဆိုလို့ hyung-nim တို့ပဲ ကျန်တော့တာလေ။အဲ့ဒါ အစ်ကိုပေါ့ဆလို့။''

"ချာတိတ်နော်...ကိုယ့်ကို အပြစ်မဖို့နဲ့။ပေါ့ဆလို့မှမဟုတ်တာ ဟိုဟာလုပ်ရဒီဟာလုပ်ရနဲ့ အားမှမအားတာ။ပြီးတော့ သူတို့ကအခြားသူတွေလည်းမဟုတ်ဘူး။ အကြောင်းသိတွေပဲဟာကို ကိုယ်တို့ဘက်က ဖိတ်စာတကူးတကမပို့ဖြစ်လည်း သူတို့ဘက်က weddingကို တက်ကိုတက်ရမှာလေ။ဖိတ်စာမပို့လို့ဆိုပြီး ဒီကောင်တွေ ကိုယ့်weedingကို မတက်လို့ကတော့ ကိုယ်နဲ့တွေ့သွားမှာပေါ့။''

သူကလည်းသူပါ။သူငယ်ချင်းအရင်းကြီးတွေဆိုတော့ ဖိတ်ရမဲ့VIPစာရင်းထဲ ထည့်မထားခဲ့မိတာ။

"ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်က မဂ်လာပွဲကို တက်ရောက်ချီးမြှင့်ပေးမဲ့သူဆို ဘယ်သူပဲဖြစ်ဖြစ် လေးစားသမှုနဲ့ ဖိတ်စာပို့ပြီး တက်ရောက်ဖို့ ကမ်းလှမ်းရမယ်လေ။''

သူ့စကားကြောင့် အစ်ကိုကသူ့ကို မျက်မှောင်ကျုံ့ပြီး လှည့်ကြည့်တယ်။

"Awww အမ်းပါ...။အဲ့ဒါတွေကို မေမေ့ဗိုက်ထဲက မင်းထက်အရင်ထွက်လာပြီး ထမင်းအရင်စားတဲ့ ကိုယ်က မသိဘူးဆိုတော့။''

"ကျွန်တော်က အဲ့သဘောမျိုးပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့ ခုလိုမျိုးပေါင်းဖက်ခွင့်ရတာ အစ်ကို့သူငယ်ချင်းတွေရဲ့ကျေးဇူးကြောင့်လည်း ပါတယ်ဆိုတော့ ခုကျမှ သူတို့ကို အရေးမစိုက်သလိုဖြစ်သွားရင် အားနာဖို့ကောင်းလို့ပါ။''

💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)Where stories live. Discover now