>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<<"Yahhh...Tae-hyung-ah..Kim Tae-hyung..''
အသံမှာ ရင်းရင်းနှီးနှီးကြားဖူးနေကျအသံဖြစ်၍ Tae-hyungရော Seokjinပါ ဘယ်သူများလဲလို့ နောက်လှည့်ကြည့်လိုက်တော့...
(အသံက ရင်းနှီးနေပေမဲ့ လူချင်းကခုမှခင်ခါစဆိုတော့ အရမ်းမရင်းနှီးသေးတာကြောင့် ဘယ်သူမှန်းတန်းမသိတာပါ)"Hey...yo..Park Jimin''
ဟုတ်ပါသည်..။Taeရဲ့ အတန်းဖော်သူငယ်ချင်း Jiminလေးပင်ဖြစ်သည်။ Jiminက Taeရဲ့သူငယ်ချင်းသာဆိုတယ် Taeလိုထောင်ထောင်မောင်းမောင်းမဟုတ်ပဲ ပုပုသေးသေးလေး၊ လုံးလုံးကလေးနှင့် ၁၆နှစ်သားလေးအလား တကယ့်ကို ချစ်စရာလေးပါ...။
"မင်းပြောတော့ မသွားတော့ဘူးဆို..အာ့ကြောင့်မို့ငါလည်း ဝင်မခေါ်လိုက်တာကို ခုကျ ရောက်ချလာတယ်...''
"မင်းလည်း မင်းဒေါ်လေးခိုင်းလို့ သွားစရာရှိတယ်ဆို ဘယ်လိုဖြစ်လို့...''
"အေး..ဟုတ်တယ် ဒေါ်လေးခိုင်းတဲ့ဆီက ကျောင်းဘက်မှန်းမသိခဲ့ဘူး သိလည်းသိရော မင်းကိုပြောဖို့နောက်ကျနေတာနဲ့.. ပြီးတော့ မင်းလည်း မသွားချင်ဘူးထင်လို့လေ..အဲ့ဒါနဲ့ ခိုင်းတဲ့အလုပ်လည်းပြီးပြီမို့ ကျောင်းကို ဝင်လာခဲ့လိုက်တာ...''
"Awww အွန်းပါ...ငါလည်းအစက မလာတော့ဘူးလုပ်တာ ငါ့hyungကို ချောဆွဲလို့ရလာတာနဲ့ ထွက်လာခဲ့လိုက်တာ... ဟီးးး''
Taeက ပြောရင်း သူ့ဘကိလှည့်ပြီး သွားဖြီးပြလေတော့ Seokjinမှာ သူ့သွားဖွေးဖွေးလေးတွေကို ပေါ်အောင်ပြုံးရင်း...
"Jimin-ah Annyeong....''
အရင်တစ်ခါက Tae-hyung Majorစာအုပ်မေ့နေခဲ့လို့ သူတို့အတန်းဆီသွားပေးရင်း Jiminနဲ့ မိတ်ဆက်ပေးထားတာကြောင့် သူတို့အထူးတလည် မိတ်ဆက်စရာ မလိုတော့ပါ။
"Annyeonghasayeo...Jin hyung.. hyungကို ဒီကောင် အရှုပ်လုပ်လိုက်တာပေါ့...''
"ဟုတ်ပါ့... Jiminရယ်..သူလိုက်နှောက်ယှက်တာနဲ့ hyungအေးဆေးကို မနေရပါဘူး..''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...