>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
Seokjinအရင်က Jungkookကိုပေးထားခဲ့သည့် ph no. က ခေါ်လိုက်တိုင်း လူကြီးမင်းခေါ်ဆိုသော ph no. မှာ လတ်တလောတွင် ဆက်သွယ်၍မရနိုင်ပါချည်းပြောနေတော့ Seokjin ဒီph no. ကို မသုံးတော့ပဲ ဖြုတ်ထားတယ်ဆိုတာ Jungkookသေချာပေါက် သိလိုက်သည်..။
အစ်ကိုမကောင်းဘူးဗျာ..နေနိုင်လိုက်တာ...နိုင်ငံခြားကိုသွားတာတောင် ကျွန်တော့်ကို နှုတ်မဆက်သွားဘူး..။ အစ်ကို ဘာတွေဖြစ်နေလို့ ph no. ပါပြောင်းပြီး ဘွဲ့လည်းလာမယူရတာလဲ။ အစ်ကို့သူငယ်ချင်းတွေပြောသလို တကယ်ပဲ သွားရလာရတာမလွယ်လို့၊အလုပ်ရှုပ်နေလို့ပဲ လာမယူတာလား...။ မဖြစ်နိုင်ပါဘူး တစ်သက်မှာ တစ်ခါပဲယူရတဲ့ ကိုယ်ကြိုးကြိုးစားစားနဲ့ရလာခဲ့တဲ့ ဘွဲ့ကို လာမယူတော့ဖို့ အစ်ကိုက ဒီလိုလွယ်လွယ်ဆုံးဖြတ်မှာ မဟုတ်ဘူး။ အစ်ကို့လုပ်ရပ်တွေကို ကျွန်တော်ဘယ်လိုမှ နားမလည်တော့ဘူး...။
သူ Seokjinကို ဟိုမှာအခြေအနေဘယ်လိုရှိလဲ အဆင်ပြေရဲ့လား ဆက်သွယ်မေးမြန်းချင်ပေမဲ့ အရင်ph no. က မကိုင်တော့တာမို့ ခုလက်ရှိကိုင်နေတဲ့ no. ကို သူ့သူငယ်ချင်းတွေတော့ သိမှာပဲဆိုပြီး မေးဖို့ဆုံးဖြတ်မိပေမဲ့ ခက်တာက Namjoonနှင့် Yoongiနှစ်ယောက်လုံးရဲ့ ph no. ကို သူမှမသိပဲ။
ဒါပေမဲ့ fb accတွေတော့ သူနှင့်friဖြစ်ထားသည်မို့ လိုင်းပေါ်ကနေph ခေါ်ပြီး မေးဖို့စိတ်ကူးလိုက်တယ်။
လိုင်းပေါ်တက်ပြီး Namjoonလိုင်းပေါ်ရှိလား ကြည့်လိုက်တော့ Namjoonက Active 5hours agoတဲ့ ...သူလိုင်းပေါ်မှာ ရှိမနေခဲ့။ Yoongiကတော့ Active nowပြနေတယ်..။ သူYoongiနှင့်တွေ့တိုင်း Yoongiဘက်က အမြဲရန်လိုတဲ့ပုံနဲ့ မကြည်တဲ့အကြည့်နဲ့ပဲကြည့်နေတတ်တာမို့ Yoongiကိုတော့ သူနည်းနည်းရှိန်မိသည်..။
မတတ်သာတဲ့အဆုံးဆိုရင်တောင်မှ ခပ်ချေချေပုံစံနဲ့ Yoongiကိုတော့ သူအကူအညီမတောင်းချင်...။ သွားမေးရင်လည်း ပေးလောက်မှာမဟုတ်ဘူးဆိုတာကို သူ့စိတ်ထဲကြိုသိနေသည်။ ဒီhyung သူ့ကိုဆက်ဆံတဲ့ပုံက ဘယ်လိုမှန်းကို မသိပါ..။
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...