>>>>>>>>>>>>>>>♥<<<<<<<<<<<<<<
"ချာတိတ်..ချာတိတ် သတိထား...အားးး''
"သား..သားလေးသတိထားပါဦး ။ မေမေအနားမှာရှိတယ်လေ...''
သူ့မျက်လုံးကို ဝရုန်းသုန်းကားဖွင့်လိုက်မိတော့ သူ့အပေါ်မှာ မျက်နှာကျပ်အဖြူစွတ်စွတ်တစ်ခု.. နောက်ပြီး ဘေးကိုကြည့်လိုက်တော့ အိပ်မက်ဆိုးမက်ပြီး ချွေးတွေထွက်နေတဲ့သူ့ကို ချွေးတွေသုတ်ပေးနေတဲ့ မေမေ..
"မေ..မေ...''
"သားလေး သတိရလာပြီနော်...''
"မေမေ သား ဘယ်ရောက်နေတာလဲ..''
"သား ရုတ်တရက် သတိမေ့သွားလို့ ဆေးရုံတင်လိုက်ရတာသားရဲ့..မေမေ့မှာ စိတ်ပူလိုက်ရတာကွယ်..''
မေမေ သူ့ကို အတော်လေးစိုးရိမ်နေခဲ့ရတယ်ဆိုတာ အရမ်းသိသာသည်။ အိမ်နေရင်းပေါ့ပေါ့ပါးပါးဝတ်လေ့ရှိတဲ့ နံ့သာရောင်အိကျီလေးနှင့် မပြင်ဆင်ထားသည့် မျက်နှာကလည်း ဖျော့တော့နေသည်။ လူပင်ပန်း စိတ်ပင်ပန်းတာရောကြောင့်လည်း ဖြစ်မည်။
"မေမေ..ချာတိတ်... Jungkookရော Jungkookအခြေအနေ ဘယ်လိုလဲဟင်.. သားကိုပြောပြပါ မေမေရယ်''
သူ Jungkookအကြောင်းမေးရင်း ဆက်ခနဲ ထမည်ဟန်ပြင်တော့ မေမေက အပေါ်ကနေ ပြန်ဖိရင်းလှဲစေပြီး...
"မထသေးနဲ့ဦးလေ သားကခုမှသတိရခါစရှိသေးတယ်..ပြန်မေ့လဲသွားရင် ဘယ်လိုလုပ်မလဲ...
သူ သက်သာပါတယ်..သားရဲ့
တစ်ဖက်ကကားက အရှိန်သိပ်မပါတော့ ထိမိခိုက်မိတာတော့ ရှိပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး...တဲ့''
'ဟူးးး..တော်ပါသေးတယ် ။ချာတိတ် အသက်အန္တရာယ် မစိုးရိမ်ရဘူးတဲ့... ဒါပေမဲ့လည်း ငါချာတိတ်ကို တွေ့ချင်လိုက်တာ အရမ်းလည်းသတိရနေပြီ။ ဟုတ်ပြီ မေမေ့ကိုတောင်းပန်ပြီး ဖေဖေမသိအောင် သွားတွေ့ရမယ်..။ ဒီလိုမှမရရင်တော့ မသိအောင် ခိုးသွားတွေ့ရမှာပဲ...'
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...