>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
*အင့်...*
"ဟင်...ချာတိတ်''
မေမေ့ကို သူ့သူငယ်ချင်းရဲ့ Jewellery ဆိုင်သို့ သူ့ကားနဲ့ လိုက်ပို့ပေးရတာကြောင့် ကုမ္ပဏီကို ရောက်တာနောက်ကျတဲ့ သူ့အား main hallနှင့် သူ့ရုံးခန်းသို့မရောက်ခင် လမ်းခုလတ်တွင် ရုတ်တရက် Jungkook ရဲ့ စောင့်ဆွဲခြင်းခံလိုက်ရသည်မို့ သူလန့်ဖျက်သွားရသည်။
"ချာတိတ် လူတွေမြင်သွားမယ်..''
သူပြောလိုက်တော့လည်း Jungkookက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ သူ့လက်ဖွေးဖွေးလေးကို အသာဆွဲပြီး လူရှင်းတဲ့နေရာသို့ ခေါ်သွားတော့ သူနောက်မှ သွက်သွက်ကလေး ပါသွားသည်။
တခြားနေရာမဟုတ် ကုမ္ပဏီမှာ ဘယ်သူမှမသိအောင် ခိုးတွေ့နေကျနေရာလေး...
အပြင်ဘက်ထွက်သည့် emergency လှေကား၏ ဘေးအကွယ်တွင်ဖြစ်သည်။
လှေကားထစ်ကို အရေးပေါ်အချိန်မှ သုံးဖြစ်သည်မို့ လူအရောက်အပေါက်နဲ၍ သူတို့နှစ်ယောက်အတွက်အဆင်ပြေလှသည်။
"အစ်ကိုရယ်..လွမ်းလိုက်ရတာဗျာ... ''
လူရှင်းတဲ့နေရာလည်းရောက်ရော Jungkookတစ်ယောက် သူ့ကို ရင်ခွင်ထဲဆွဲသွင်းပြီး အလွမ်းသယ်နေလေသည်။
သူကိုယ်တိုင်ကလည်း အကဲပိုနေသည့်ကောင်လေးကို အလိုက်သင့်ပြန်သိုင်းဖက်ထားလိုက်ပြီး...
"ဟင်..သက်သာပြီဆိုပေမဲ့ လုံးဝပျောက်သွားအောင်လို့ဆိုပြီး နှစ်ရက်လောက်လေး ခွင့်ယူခိုင်းလိုက်တာကို..
နောက်ပြီး ဒီကြားထဲမှာလည်း phနဲ့လည်းပြောတယ်..vcနဲ့လည်း အလွမ်းသယ်ခဲ့သေးတယ်လေ..''
ချစ်သူလေးကို အရမ်းလွမ်းနေရပြီမို့ ရုံးတက်ချင်တယ်ပြောတာတောင် မတက်ခိုင်းပဲ အိမ်မှာပဲ နားနေဦးဖို့ ဇွတ်တိုက်တွန်းခဲ့သည့်အပြင် Seokjin ကိုယ်တိုင်ကလည်း သူခွင့်ယူထားသောကြောင့် သူ့အလုပ်တွေရော Jungkook အလုပ်တွေကိုပါ နှစ်ယောက်စာကို တစ်ယောက်ထဲအကုန်တာဝန်ယူလုပ်ပေးတာမို့ မအား၍ Jungkookဆီကို လူကိုယ်တိုင်တောင် မသွားနိုင်ပဲ phနဲ့ပဲ အလွမ်းပြေစေခဲ့သည်။
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...