>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
"မဟုတ်ဘူးကွာ.. ကျွန်တော်နဲ့ တိုက်ရိုက်သပ်ဆိုင်နေတဲ့ ဒီကိစ္စကို အစ်ကိုကျွန်တော့်ကို မပြောပြတာကတော့ မဟုတ်သေးပါဘူး...
ကျွန်တော် ဘယ်လိုနားလည်လက်ခံပေးလို့ရမှာလဲ..''
"ကိုယ်ပြောပြီးပြီပဲ ချာတိတ်ရာ..ကိုယ်က ဟိုဘက်ကို ပွင့်ပွင့်လင်းလင်း ငြင်းခဲ့မှာမို့ ချာတိတ်ပူစရာမရှိလို့ မပြောဖြစ်တာပါဆို...''
"ဘယ်လိုပဲဖြစ်ဖြစ်အစ်ကိုရာ..ချစ်သူတွေပဲ တစ်ယောက်နဲ့တစ်ယောက် ဘာကိစ္စပဲဖစ်ဖြစ် ပွင့်ပွင့်လင်းလင်းပြောကြမယ်လို့ ပြောထားတာကို သွားတွေ့မှာကိုတော့ ပြောပြရမှာပဲမဟုတ်ဘူးလား..
ခုတော့ သူများပြောပြမှ သိရတယ်... ကျွန်တော် ဘယ်လောက်အောက်လိုက်လဲ''
အစ်ကိုတို့သွားစားတဲ့ဆိုင်က Hobi hyungရဲ့ ပါပါးဆိုင်မို့ Hobi hyungဆိုင်ကိုသွားတဲ့အချိန် သူတို့ကို တွေ့ခဲ့တယ်ဆိုပြီး သူ့ကိုပြန်ပြောလာမှ ခုလိုသိရတဲ့အတွက် နည်းနည်းတော့ စိတ်ဆိုးမိသည်။
"အင်းပါ..ချာတိတ်ရာ ကိုယ်မှားသွားပါတယ်..နောက်ဆို ကိုယ်ဘာပဲဆုံးဖြတ် ဆုံးဖြတ် ချာတိတ်ကို အရင်ပြောပြပါ့မယ်နော်..
နောက်ပြီး ခုလည်း ကိုယ်က အခြားမသင့်တော်တဲ့နေရာတွေမှာ သွားတွေ့တာလဲမဟုတ်ဘူး...
Restaurant မှာသွားပြီး စားသောက်စကားပြောခဲ့ရုံလေးပဲကို စိတ်မဆိုးနဲ့တော့နော်..''
အဲ့တစ်ချက်တော့ တော်သေးတယ်ပြောရမည်။တကယ်ကိုတော်သေးတာပါ...သွားစားကြတဲ့ဆိုင်ကလည်း တိုက်တိုက်ဆိုင်ဆိုင် Hoseok တို့ဆိုင်ဖြစ်နေလို့သာ..။
"Restaurant ပဲသွားခဲ့လို့ပေါ့ အခြားမသင့်တော်တဲ့နေရာမှာများ တွေ့ခဲ့တာလို့ကြားရင် မိုးမီးလောင်ပြီးနေပြီ..''
"Iigoo အူတိုနေတာလား ဆူပုတ်နေတာပဲ ကြည့်ပါဦး..''
ဆူပုတ်နေတဲ့ချစ်သူလေးကို သူအသဲယားလာသည်မို့ နယ်ပြီးသားမုန့်ပျော့ပျော့တွေကို ဆွဲသလို ပါးလေးကို လက်နှစ်ဖက်နဲ့ ဆွဲဖဲ့ပစ်လိုက်သည်။
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fiksi Penggemarအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...