>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
"Jungkook-shi ခင်ဗျားဆေးရုံကို အချိန်ကိုက် ရောက်လာလို့သာပေါ့...
ဒီ့ထက်နောက်ကျမယ်ဆိုရင် အဖျားကပိုကြီးလာနိုင်တယ်.. သွေးပေါင်ချိန်ကြည့်တာတော့ သွေးပေါင်က ပုံမှန်အတိုင်းပါပဲ..
ခုတော့ အဖျားဝင်ဖို့ စတင်နေပြီး နှာစီးချောင်းဆိုး အအေးမိရုံလောက်မို့ တော်သေးတယ်''
"ဟုတ်တယ်ဒေါက်တာ လူနာကပေါ့နေလို့ ကျွန်တော်မရမက ခေါ်လာခဲ့ရတယ်''
"ဖျားရုံပဲဆိုပြီးတော့တော့ မပေါ့နဲ့ဗျ..
ဖျားလိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က အားအင်တွေ ကုန်ခမ်းသွားနိုင်တာကြောင့် ဂရုစိုက်ဗျာ..
အခုကျွန်တော် ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးသုံးကြိမ်စာပေးလိုက်မယ်...
ဆေးပတ်လည်အောင် ပုံမှန်သောက်လိုက်ရင် ခင်ဗျား ၂၄နာရီမပြည့်ခင်မှာပဲ ပြန်သက်သာသွားပါလိမ့်မယ်..''
"ဟုတ်ကဲ့ဒေါက်တာ ကျွန်တော် ဆေးကိုမမေ့မလျော့သောက်လိုက်ပါ့မယ်..''
"ပြောတာပဲ..''
ဒေါက်တာက ဆေးထိုးဖို့အတွက် ဆေးထိုးအပ်ကိုထုတ်လိုက်တော့ Jungkookတစ်ယောက် ဆေးထိုးအပ်ကိုကြည့်ပြီး မျက်လုံးဝိုင်းဝိုင်းလေးမှာ ပြူးသွားသည်ကို သူမြင်တော့ ဒေါက်တာမကြားအောင် တခိခိရယ်လိုက်မိသည်။
ဒေါက်တာက Jungkookလက်က အိကျီကိုလှန်ပြီး ဆေးထိုးအပ်ကို ထိုးစိုက်လိုက်တော့
*အ*
နည်းနည်းတော့ စူးအောင့်သွားတာမို့ သူမျက်လုံးကို စုံမှိတ်ပြီး အော်လိုက်သည်။
ခုလိုမျိုးကျပြန်တော့လည်း ချစ်သူအသားနာတာကိုကြည့်ပြီး Seokjinစိတ်မကောင်းဖြစ်ရပြန်သည်။
"ဒီနေ့တော့ ထမင်းနဲ့ အခြားအစာကိုအလွယ်တကူမချက်နိုင်မဲ့ အရာတွေမစားသေးပဲ ဆန်ပြုတ်လောက်ပဲ အရင်သောက်ထားဦးဗျ''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...