Episode-26

1K 109 7
                                    

>>>>>>>>>>>>>>>♥<<<<<<<<<<<<<<

ဆေးရုံတက်တဲ့ ရက်ပေါင်း၄ရက်(၃ညအိပ်၄ရက်)အတွင်းမှာ အစ်ကို့ရဲ့ အရိပ်ကလေးတောင် မြင်ရဖို့မပြောနဲ့ အစ်ကို့ဆီက message တစောင်တလေတောင် ယောင်လို့ရောက်မလာခဲ့။ အစ်ကိုဘာတွေလုပ် ဘယ်တွေရောက်နေလို့ ခုလောက်ထိ အဆက်အသွယ်မလုပ်တာပါလိမ့်။အလုပ်ကိစ္စနဲ့ပတ်သတ်ပြီးများ ခရီးတွေလွန်နေရော့သလား..။ငါ ခုလိုaccidentဖြစ်တာကို မသိများမသိလို့လား။သိရင်တော့ ခုလောက်ကြီးနေမယ်မထင်ဘူး။အပြေးလာရင်လာ၊ မလာရင်phတော့ဆက်မှာပါ။ဒါဆိုရင်တော့ အရေးကြီးအလုပ်ကိစ္စနဲ့ over seaကိုထွက်သွားလို့နေမှာ။

ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်းရှိတဲ့ ချစ်သူလေးကိုတော့ မအားရင်မအားကြောင်း အနည်းဆုံး short message တစ်ကြောင်းလောက်ဖြစ်ဖြစ် ပို့သင့်တယ်မဟုတ်ဘူးလား။ နေနိုင်လိုက်တာအစ်ကိုရာ ကျွန်တော်မှာတော့လွမ်းရလွန်းလို့ ဒဏ်ရာတွေက မနာပဲ ရင်ဘတ်ထဲကတောင် ပိုအောင့်နေတယ်။

နေနိုင်တဲ့သူကြီးကတော့ နေနှင့်ဦးပေါ့။ တွေ့တဲ့အခါကျမှ အတိုးချပြီး စိတ်ကောက်ပြမယ်..။

Jungkook တစ်ယောက် သူ့အခန်း ပြတင်းပေါက်ရဲ့ မနက်ခင်းနေရောင်များ ဖြန့်ကျဲကျရောက်နေပြီး လေနုအေးကြောင့် လွင့်လူးနေသည့် အဖြူရောင်လိုက်ကာစများကို ငေးကြည့်ရင်း သူ့စိတ်အစဥ်တို့မှာလည်း ဘာသတင်းအစအနမှမရတဲ့ ချစ်သူဖြစ်သော Seokjinဆီသို့ ....

"Jungkook တို့မေမေ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ထည့်စရာရှိတာ ထည့်ပြီးပြီလား..

ကိုယ်လည်း သားဆေးရုံတက်တဲ့ ကုန်ကျစရိတ်အားလုံးကို ရှင်းခဲ့ပြီးပြီ...''

"ဟုတ်ကဲ့..ဖေဖေရေ ပြင်ပြီးပြီမို့ အိမ်ပြန်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ''

"ဒါဆို သားကိုခေါ်ပြီးဆင်းခဲ့တော့နော်..

ကိုယ် ကားပါကင်ကကားထုတ်ပြီး Mainပေါက်ရှေ့ကနေ အဆင်သင့်စောင့်နေမယ်''

💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)Where stories live. Discover now