>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
ထိုနေ့မှစ၍ Seokjinနှင့် Jungkookတို့ အပြင်မှာထပ်မဆုံဖြစ်ကြတော့..။ Seokjinကိုယ်တိုင်ကလည်း မတွေ့ဖြစ်အောင်လို့ ရှောင်နေသလို စာမေးပွဲနီးနေပြီမို့ အပြင်ကိုလည်း သိပ်မထွက်ဖြစ်ခဲ့ပါ။
စာမေးပွဲက နောက်သုံးရက်နေရင်ဖြေရတော့မှာမို့ Seokjinစာကို တစိုက်မက်မက်လုပ်ရင်းဖြင့်သာ အချိန်တွေကို ကုန်စေခဲ့သည်..။
"ချာတိတ်ရော ဒီအချိန်ဆို ဘာတွေလုပ်နေမလဲ..ငါ့စကားကိုနားထောင်ပြီး စာလုပ်နေလောက်မှာပါနော်...''
ဦးနှောက်အနားပေးရင် အနားပေးတဲ့အချိန်တိုင်း အတွေးထဲတော့ သူအမြဲစိုးမိုးနေတတ်သည်။
ရုတ်တရက် ဘေးတွင်ချထားသော phလေးမှ messageဟင်လာသောကြောင့် ယူကြည့်လိုက်တော့...
Seokjinသိပ်သတိရနေတဲ့ ကောင်လေးဆီမှ..
"အစ်ကို..နေကောင်းရဲ့လား...စာတွေရော ရနေပြီလား..''
သူချက်ချင်းပင် phကိုကောက်ယူလိုက်ကာ replyပြန်လိုက်သည်။ သူသတိရနေခဲ့တာဆိုတာ သိပ်များသိသာနေပြီလား သူထည့်မတွက်မိတော့...
သူကိုယ်တိုင်က စောင့်မျှော်ရသူတစ်ယောက်၏ ပင်ပန်းမှုကို ကောင်းကောင်းနားလည်သူမို့ Jungkookကိုတော့ ဒီလိုမခံစားစေလို..
"Omm ကောင်းပါတယ်..မင်းရော စာကောင်းကောင်းလုပ်ရဲ့လား...''
"ကျွန်တော်အစ်ကို့စကားကို နားထောင်ပြီး သေချာလုပ်နေပါတယ်..''
"ခုလိုလုပ်တော့ မင်းအတွက်ပဲအကျိုးရှိမှာလေ ကောင်းတာပေါ့...''
"အစ်ကိုပြော နားမလည်တာရှိရင် မေးပါလို့..ခု ကျွန်တော်အစ်ကို့ကိုမေးချင်နေတဲ့ နားမလည်တဲ့ ပုစ္ဆာတစ်ပုဒ်ရှိတယ်...ကျွန်တော်ဘယ်လိုပဲ အဖြေရှာရှာ မထွက်လာလို့ အပြင်မှာတွေ့ပြီး အစ်ကိုကျွန်တော့်ကို ရှင်းပြပေးနိုင်မလား...''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...