>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
ထိုနေ့က ကျောင်းနှင့်မလှမ်းမကမ်းက သိပ်လှတဲ့ You & Me Cafeဆိုင်လေး၏ ထောင့်ကျတဲ့ စားပွဲဝိုင်းလေးတွင် Seokjinနှင့် Jungkookတို့ စကားတွေအများကြီးကို အချိန်အကြာကြီးပြောဖြစ်ခဲ့ကြသည်..။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Welcomeနေ့က အဖြစ်အပျက်ကို အစပြုလို့ Jungkookက သူ့ဝါသနာတွေနဲ့ အခြားသူလုပ်ဖြစ်နေတဲ့ အရာလေးတွေကအစ သူတို့မိသားစုအကြောင်းလေးကိုပါ ထည့်ပြောသည်..။ သူ့အကြောင်းအသေးစိတ်ကတော့ မပါမဖြစ်ပေါ့...
"ဒါဆို ချာတိတ်က တစ်ဦးတည်းသောသား အဆိုးလေးပေါ့..''
"ဟာဗျာ..အစ်ကိုကလည်း ကျွန်တော် မဆိုးပါဘူး ဘယ်မှာဆိုးလို့လဲ..ကိုယ်လုပ်ချင်ရာကို လုပ်တာပဲရှိတာပါ...''
"အင်းပါ..လုပ်တာလည်းလုပ်ပေါ့ ...ဒါပေမဲ့ အိမ်ကစိတ်ပူရမှာမျိုးတော့ မလုပ်မိစေနဲ့..''
"ဟုတ်ကဲ့ဗျ...''
ဒီလူကြီးပေါက်လေးက သူ့ကိုဂရုတစိုက် ဆုံးမနေတာကို သူသိပ်သဘောကျနေမိသည်...။
Jungkook လက်လေးကိုပိုက်လို့ Seokjinပြောတာကို ခေါင်းလေးငြိမ့်ပြီး တပည့်တစ်ယောက်လိုပုံစံမျိုးနဲ့ ပိုပိုလိုလိုလေးပြောနေတော့ Seokjinရဲ့ မျက်စောင်းလှလှလေးက Jungkookရင်ဘတ်ဆီသို့ ဒိုင်းခနဲဝင်ရောက်လာတော့သည်...။
"ရွဲ့တာလား..''
"ရွဲ့စရာလား အစ်ကို့စကားကို အတည်နားထောင်မှာ ကျွန်တော်က...''
"ဒါဆိုလည်း ပြောလက်စနဲ့ ထပ်ပြောလိုက်ဦးမယ်.. စာကိုကောင်းကောင်းလုပ်ပြီး စာမေးပွဲကိုလည်းကောင်းကောင်းဖြေဦးနော်...''
![](https://img.wattpad.com/cover/287019696-288-k630450.jpg)
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...