Episode-21

1.1K 106 3
                                    

>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<

နှစ်ယောက်သား လောကကြီးကို ဘယ်လောက်ကြာအောင် မေ့ထားမိသည်မသိ။တက်မခေါ်တော့ဘူးပြောတဲ့ မေမေတောင် အပေါ်ထပ်ထိတက်ပြီး လိုက်ခေါ်ယူရတဲ့အထိ..

"ဟာ..အစ်ကို နာသွားလား sorryပါဗျာ..

စိတ်ပါနေတဲ့အချိန် ရုတ်တရက်ကြီး မေမေခေါ်လိုက်တော့ ကျွန်တော်လန့်သွားလို့ ခြေချော်သွားတယ် အဲ...နှုတ်ခမ်းချော်သွားတယ် ဖွ..ဖွ.. အရမ်းနာနေလား''

သူ Seokjinနှုတ်ခမ်းလေးအနှံ့ဟိုကြည့်ဒီကြည့် လိုက်စစ်ရင်းမေးလိုက်သည်။

"ဟင့်..နာတာပေါ့လို့ ကိုက်တာကိုး...စတွေ့တုန်းကလည်း နမော်နမဲ့ ခုလည်းနမော်နမဲ့နဲ့ ဘယ်လိုကောင်လေးလဲ''

Seokjin မျက်စောင်းလေးထိုးလို့ ချစ်သူကို အပြစ်တင်ရင်း နှုတ်ခမ်းကနာတဲ့နေရာကို လက်နှင့်စမ်းလိုက် သွေးထွက်လားကြည့်လိုက်နှင့် လုပ်နေသည်။

"အောင်မာ..စတွေတဲ့နေ့က နမော်နမဲ့လုပ်တာမဟုတ်ပါဘူးနော်...

မြှားနတ်မောင်ကြောင့်သာ အစ်ကို့ကိုဝင်တိုက်လိုက်ရတာ.. ကိုယ့်ချစ်သူလေးပြုတ်ကျအောင် ဘယ်သူကဝင်တိုက်ချင်ပါ့မလဲလို့...''

Jungkookပြောရင်းနဲ့ Seokjinလက်ကိုဖယ်ကိုင်ကာ နှုတ်ခမ်းကို ပြူးပြဲကြည့်တော့ Seokjinလက်ဖယ်လိုက်တဲ့နေရာမှာပဲ ပေါက်သွားတဲ့ အရာလေးကို တွေ့သွားတယ်။

"တွေ့ပြီ..ကိုယ့်စတော်ဘယ်ရီသီးလေး သွေးလေးနည်းနည်းထွက်သွားတာပဲ... အိုက်ဂူးး မီယားနဲ..''

"ဗြဲ...သူများကို အိမ်ခေါ်ပြီး အနိုင်ကျင့်တယ် ချာတိတ်မကောင်းဘူး...''

ငိုတဲ့ဟန်လေးလုပ်ကာ သူ့ရင်ဘတ်ကို လက်သီးသေးသေးလေးတွေနဲ့ ထုနေတဲ့ သိုးဖြူပေါက်လေးကိုကြည့်ပြီး အူတွေအသဲတွေယားလာ၍ သူ့စိတ်သူမနိုင်သည်မို့ လက်သီးဆုပ်လေးတွေပဲ အလျှင်အမြန်ဖမ်းဆုပ်လိုက်ပြီး...

"မငိုပါနဲ့ကွာ တိတ်တိတ်..ကျွန်တော် ပေါက်သွားတဲ့ဒဏ်ရာလေးကို ဆေးထည့်ပေးမယ်နော်..ကဲ...''

💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)Where stories live. Discover now