>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
ဒီနှစ်အတွက် ရှိသမျှပွဲလည်း အကုန်ပြီးပြီမို့ ကျင်းပရန်အတွက် ပွဲဆိုလို့ စာမေးပွဲသာကျန်တော့သည်..။
"ကို.. စာတွေလုပ်နေပြီလား...Sulliတော့ ကျူရှင်က စာမေးပွဲစာတွေပေးနေပြီဆိုတော့ စာတွေပိနေပြီ..''
Jungkook ဒီနေ့အတန်းစောစောပြီးသည်မို့ Sulliနှင့်အတူ နေ့လည်စာစားရန် သူတို့ကျောင်းဘက်သို့ လာခဲ့လိုက်သည်လေ..။ ကျောင်းရှေ့က အပင်အောက်မှာ သူလာမည်ဆို၍ ထိုင်စောင့်နေသော ချစ်သူလေးမှ နှုတ်ခန်းလေးစူကာဖြင့် ရောက်ရောက်ချင်းသူ့ကို ညည်းညူပြနေလေသည်။
Sulliက Jungkookနှင့်ကျောင်းမတူသည့် နည်းပညာကျောင်းသူတစ်ယောက်ဖြစ်သည်။ အထက်တန်းထိတူတူတက်ခဲ့ကြပြီး အထက်တန်းပြီးတော့ သူဖွင့်ပြောခဲ့တာပါ..။ သူကတော့ သူမကို သူနှင့်အတူတူ ကျောင်းတူတူတက်ဖို့ GUFLဝင်ခွင့်လျှောက်ခိုင်းခဲ့ပေမဲ့ Sulliက ကျောင်းပြီးလျှင် သူမ၏ဖေဖေဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်သာ အလုပ်ဝင်မည်ဟုဆိုကာ TUကို လျှောက်လိုက်ခြင်းဖြစ်သည်။
ထိုင်နေရာမှ ခြေကိုစောင့်ပြီး ချစ်စဖွယ်အမူအရာလေးနဲ့ ညည်းပြနေသော ချစ်သူအား...
"ချစ်က ပင်ပန်းနေတာလား ကို,သိတာပေါ့..အာ့ကြောင့်လည်း ဒီလာတဲ့လမ်းက Coffeeဆိုင်ကနေ ချစ်အတွက် Bubble Teaလေးဝင်ဝယ်လာခဲ့တယ်...ရော့..''
ဟုဆိုကာ..ချစ်သူဘေးတွင် ဝင်ထိုင်လိုက်တော့...
"ကိုပဲ အကောင်းဆုံး မွ..''
ပြောပြောဆိုဆို သူ့ပါးတစ်ဖက်ကို Sulliရုတ်တရက်နမ်းလိုက်ပေမဲ့ ဘာကြောင့်ရယ်မသိ သူကတော့ တစ်ချက်လေးမှတုန်လှုပ်ချင်းမရှိပဲ အမူအယာမပျက်ပင် phကိုသာ နှိုက်လို့နေသည်..။
"ကို,လို့...Sulliမေးတာဖြေဦးလေ စာတွေလုပ်နေပြီလား..''
"ကို ဒီနေ့ အဲ့ဒါပဲ ပြောမလို့.. စာမေးပွဲကလည်း ၁၀ရက်ကျော်လောက်ပဲလိုတော့တာဆိုတော့ Sulliလည်း Beauty Salonသွားတာတွေလျှော့ပြီး ကိုတို့နှစ်ယောက်လုံး တွေ့တဲ့အချိန်လည်းလျှော့လို့ စာလုပ်သင့်ပြီလို့ထင်တယ်...''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...