>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
ချစ်သူဆီကိုသွားမဲ့ သူ့ရဲ့ခြေလှမ်းတွေက တက်ကြွရမဲ့အစား ခုတော့ သံဖိနပ်စီးထားသည့်အလား မသယ်ချင်လောက်အောင်ကို လေးလံနေခဲ့သည်။ Jungkookနဲ့ပတ်သတ်မှ ဘယ်သူ့ကိုမှမချစ်ဖူးခဲ့တဲ့ အချစ်မျိုးနဲ့ ချစ်မိခဲ့ပြီး အချစ်ဆိုတာကို ခံစားလာတတ်ခဲ့ရသည်..။ သူကိုယ်တိုင် မြတ်မြတ်နိုးနိုးပျိုးလိုက်တဲ့ ဒီအချစ်သစ်ပင်လေးကို သူကိုယ်တိုင်ပဲ ရိတ်သိမ်းပစ်ရမယ်တဲ့လား...။ ဒါဘယ်လို ရက်စက်တဲ့ကံကြမ္မာမျိုးလဲ။
တစ်သတ်လုံးရှင်ကွဲ,ကွဲပြီး ဝေးရမှာထက်စရင်တော့ သူ့မျက်နှာလေးကို အဝေးတနေရာကနေ မြင်တွေ့ခွင့်ရနေဖို့အရေးပဲ သူရွေးချယ်လိုက်တော့မယ်။ အကယ်၍များ သူနဲ့ ပေါင်းဖက်ခွင့်မရတော့ရင်တောင် နှလုံးသားချင်းကတော့ အနီးဆုံးမှာရှိနေတယ်ဆိုတာ သူတို့နှစ်ယောက်ကလွဲဲပြီး ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူးလေ။
အထူးသဖြင့် ဖေဖေပေါ့...
လူချင်းသာခွဲထားလို့ရရင်ရမယ် နှလုံးသားချင်းတော့ ဖေဖေခွဲဖို့ တက်စွမ်းနိုင်မှာ မဟုတ်ပါဘူး။
"အစ်ကိုရေ..အစ်ကိုလည်း ကျွန်တော့်ကို လွမ်းနေရဲ့သားနဲ့ အိမ်ပြင်ကိုတစ်ချက်လောက်ထွက်တွေ့လှည့်ပါဦးဗျာ။''
Jungkook မူးနေတာမို့ ခြံတံခါးသံတိုင်ကို လက်နှစ်ဘက်နဲ့ထိန်းကိုင်ပြီး ခေါင်းငိုက်စိုက်ချကာ အော်နေသောကြောင့် အိမ်ထဲကထွက်လာသည့် သူ့ကိုတောင် မမြင်နိုင်တော့။
"ချာတိတ်...''
"ဟင်...အစ်ကိုလား..
အစ်ကို ကျွန်တော့်ကိုထွက်တွေ့ပြီ။ ယောက္မကြီးက ခွင့်ပြုလိုက်တာပေါ့ ဟုတ်လား...။''
သူခြံတံခါးကို ဆွဲဖွင့်တော့ Jungkook ဒယီးဒယိုင်ဖြင့် နောက်ဆုတ်လိုက်ပြီးနောက် ထွက်လာသည့်သူ့ဆီသို့ လျှောက်လာသည်။
ထို့နောက် အရက်ရှိန်ကြောင့် ထုံထိုင်းလေးလံပြီးဦးတည်ရာပျောက်နေတဲ့ လက်နှစ်ဘက်နှင့် သူ့ပုခုံးတွေကို လာဆုပ်ကိုင်ပြီး သူ့ရင်ခွင်ထဲထည့်ကာ လက်နှစ်ဘက်စလုံးနဲ့ပဲ သိုင်းလို့ဖက်လာသည်။ ခုချိန်ထိတော့ သူဘာစကားတစ်ခွန်းမှ မဟသေးပဲ Jungkookဖက်တဲ့အတိုင်း ငြိမ်ငြိမ်လေးခံနေကာ Jungkookရင်ခွင်ထဲမှာပဲ အသံတိတ်ငိုနေခဲ့သည်။

YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...