>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
"ဟဲ့...ဟဲ့..''
အနားမှာရှိနေတဲ့ သူ့ကိုတောင်မမြင်နိုင်ပဲ assistant ကောင်မလေးတစ်ယောက် ရေးကြီးသုတ်ပြာနဲ့ လောလောဝင်လာသည်မို့ သူပါအကြည့်ရောက်မိသည်။ဘာအတင်းများ တုတ်စရာရှိလို့ ခုလောက်ထိအရေးကြီးနေတာလဲတော့ သူမသိပေမဲ့ သူ့ရဲ့အမြင်မှာတော့ ကုမ္ပဏီကြီး မီးလောင်နေတဲ့ပုံမျိုး ဖြစ်နေသည်။
"ဟဲ့..ဘာဖြစ်လာတာလဲတော့မသိပေမဲ့ ဒါရိုက်တာ Jungkookရှိနေတယ်လေ။ဖရိုဖရဲနဲ့ နင့်ရဲ့ပုံစံကိုထိန်းဦး..။''
ကောင်မလေးတစ်ယောက်က ကျိတ်ကျိတ်,ကျိတ်ကျိတ်နဲ့ သတိပေးလိုက်မှ ထိုကောင်မလေးက ဆံပင်တွေကို ဟိုသပ်ဒီသပ်လုပ်ကာ ကုပ်ချောင်းချောင်းနဲ့ သူ့နေရာသူ ဝင်ထိုင်သည်။
"ဒီfile တွေက ဥက္ကဋ္ဌဆီ တင်ရမှာမို့ သေချာစစ်ပေးထားလို့ ကျွန်တော်ပြောထားရဲ့သားနဲ့။''
"ကျွန်မ သေသေချာချာ ပြန်စစ်ပေးပါ့မယ်.. ဒါရိုက်တာ''
"အရင်တစ်ခါကတည်းက အဲ့လိုဆိုရင် ပိုကောင်းတာပေါ့ဗျာ။အချိန်လည်း မကုန်တော့ဘူး..။အခုတော့ မလိမ္မာလို့ နှစ်ခါဆင်းရဲရတော့မယ်။''
"ဟုတ်..နောက်တစ်ခါ အဲ့လိုမျိုးမဖြစ်စေရပါဘူး။''
ပြောလိုက်ရင် အဲ့လိုချည်းပဲ။လူက ဆူတောင်မဆူရသေးဘူး စကားလေးတစ်ခွန်းနှစ်ခွန်းနဲ့တင် အဲ့မျက်နှာတွေက ငိုမဲ့မဲ့တွေလုပ်လာပြီ။သူများတွေမြင်ရင် လူကပဲ အပေါက်ဆိုးတဲ့ဒါရိုက်တာ ဖြစ်နေပြန်ဦးမယ်။အလုပ်ကျ စိတ်မဝင်စားပဲ အလုပ်နဲ့မဆိုင်တဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် Jin ဒီနေ့တော့ ဘာရောင်ဝတ်လာတယ်၊ ဆံပင်လေးကိုတော့ ဘယ်လိုလေးဖြီးသင်ထားတယ်ဆိုပြီး အဲ့ဒါမျိုးတွေကျ စိတ်ဝင်တစားနဲ့လိုက်ကြည့်ပြောတယ်။
"အလုပ်ကိုသာ အဲ့လိုစိတ်ဝင်စားရင် အကောင်းဆုံးဝန်ထမ်းဆုက ဋ္ဌာနတစ်ခုလုံး ရလောက်တယ်။''
"ရှင်...''
စိတ်ထဲမှာ အခဲမကြေဖြစ်နေတာက သူ့ပါးစပ်ကပါလွတ်ခနဲထွက်သွားသည်။သို့ပေမဲ့ ကြားတယ်ဆိုရုံလောက်လေးမို့ သူဘာပြောလိုက်လဲဆိုတာ နားလည်လိုက်မည်မဟုတ်ပေ။
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...