>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
ကောင်းကင်ပြာပြာရဲ့ အမြင့်ပေါင်းမြောက်များစွာက ဝေဟင်ထက်မှာ Canada to Koreaကို ဆိုက်ရောက်ဖို့အတွက် လေယာဥ်အဖြူရောင်တစ်စီး တိမ်ဆိုင်ဖွေးဖွေးတွေကို ဖြတ်ကျော်လို့ ပြန်းသန်းနေခိုက် Seokjinရဲ့ စိတ်အစုံဟာလည်း လေယာဥ်နှင့်အပြိုင် ဝေဟင်မှာ ရွက်လွှင့်နေလေသည်။
Jungkook သူ့ကောင်မလေးနဲ့ပြတ်ပြီး ဆိုးသွမ်းပေတေနေချိန်မှာ ကြားရတဲ့သတင်းတွေကြောင့် လမ်းပျောက်နေတဲ့ Jungkookကို မှိန်ပြပြဖယောင်းတိုင်ရဲ့ အလင်းရောင်လေးအနေနဲ့ဖြစ်ဖြစ် အတတ်နိုင်ဆုံး သူ လမ်းပြဖေးမချင်လို့ Seoulကို အပြေးလေး ပြန်လာချင်ခဲ့တယ်။
ဒါပေမဲ့ ဟိုမှာရှိတဲ့ သူတာဝန်ယူထားတဲ့ ဖေဖေ့ရဲ့အလုပ်တွေက မပြီးပြတ်သေးတာရော နောက်ပြီး ချစ်သူနဲ့ပြတ်ခါစ Jungkookကို သူသွားပတ်သတ်လိုက်ရင် ပတ်ဝန်းကျင်ရဲ့ ပွဲ့လန့်တုန်းဖျာဝင်ခင်းတယ်အပြောမခံနိုင်တာရော Sulliရဲ့ ကြမ်းတမ်းကြောက်ရွံ့စရာကောင်းတဲ့ စကားတွေနဲ့ အနိုင်ယူထိုးနှက်ချက်တွေကို မခံနိုင်တာရောကြောင့် သူရဲ့ ပြန်လာချင်တဲ့စိတ်ကို ထိန်းပြီး ပြန်မလာဖြစ်ခဲ့တာပါ..။
လူကသာပြန်မလာဖြစ်ပေမဲ့ စိတ်ကတော့ သူ့ဆီမှာအမြဲရှိပြီး သူအဆင်မှပြေရဲ့လား၊ ကိုယ့်ကိုယ်ကိုရောဂရုစိုက်ရဲ့လား၊ နေလို့မှကောင်းရဲ့လားဆိုပြီး အမြဲပူပန်နေခဲ့ရတယ်။
Jungkookနဲ့ အဆက်အသွယ်ရပြီးနောက်ပိုင်းမှသာ စိတ်အေးရပြီး Seokjin သူ့ကို ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ ကိုယ့်စိတ်ကိုယ်ရော အမူအကျင့်တွေကိုပါ ပြင်ဆင်နေထိုင်ဖို့ ကိုယ့်ဘဝရှေ့ရေးအတွက် ကြိုးစားဖို့ အကြီးတစ်ယောက်အနေနဲ့ အစစအရာရာသွင်သင်လမ်းပြပေးခဲ့တယ်။
Jungkookက အဲ့လိုကျတော့လည်း မဆိုးပါဘူး ..။ သူပြောသမျှကို သေချာနားထောင်ပြီး သူလုပ်သမျှကို တစ်ခုမကျန် ပြန်အစီရင်ခံပြသေးတာ...။
သူကတော့ ရွဲ့တာလားဘာလားမသိပေမဲ့ သူ့ရဲ့တစ်နေ့တာ လုပ်သမျှအသေးစိတ်ကို သူကိုယ်တိုင်ကလည်း သိချင်မိတာအမှန်လေ။

YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...