>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
Incheon international airportကို လေယာဥ်ဆိုက်ပြီဆိုတာနဲ့ လေယာဥ်ပြတင်းလေးကို အသာဖွင့်လိုက်ပြီး မွေးရပ်မြေရဲ့ လက်ဆတ်တဲ့ အနံ့အသက်ကို မက်မောစွာ ရှူရှိုက်ပစ်လိုက်တယ်..။
ဖေဖေက မအားလို့ သူကိုယ်တိုင်လာမကြိုနိုင်တော့တာကြောင့် ကုမ္ပဏီကလူတစ်ယောက်ကို အကြိုလွှတ်ပေးလိုက်တယ်လို့တော့ပြောတယ်။
အဲ့ဒီလူက ဘယ်မှာပါလိမ့်...
"ဟော..တွေ့ပြီ ဟိုမှာပဲ...''
သူသိပ်မရှာလိုက်ရပါဘူး... လူရှင်းတဲ့တစ်နေရာက လူအရပ်လောက်ရှိတဲ့ အလှပန်းအိုးကြီးတစ်ခုဘေးမှာ မတ်တပ်ရပ်နေတဲ့ ကောင်လေးတစ်ယောက်..
ဖေဖေအကြိုလွှတ်လိုက်တဲ့သူက အသက်ကြီးကြီးလူကြီးလို့ သူထင်ထားခဲ့ပေမဲ့ ခုတွေ့ရတာက သူ့ထက်ငယ်ပြီး Jungkookတို့အရွယ်လောက်လို့ ခန့်မှန်းရတဲ့ လူငယ်လေး...
ထိုကောင်လေးက အဝါရောင် ကတ္ထူတစ်ခုပေါ်မှာ 'Welcome back from home Kim Seokjin' ဆိုတဲ့ အနီရောင်စာလုံးတွေနဲ့ ရေးထားတဲ့ Boardတစ်ခုကို ကိုင်ပြီး မတ်တပ်ရပ်နေတယ်..။
"ဒီမှာ ဒီမှာ..ဒီမှာဗျ...''
'ဟာ..ဘယ်လိုလဲဟ မတ်တပ်ကြီးအိပ်ငိုက်နေတာလား...'
တစ်ခွန်းခေါ်မကြား နှစ်ခွန်းခေါ်မကြားတဲ့သူ့ကို သုံးခွန်းလောက်ထိ လှုပ်ခေါ်လိုက်မှပဲ...လှုပ်လှုပ်ရှားရှားဖြစ်လာကာ
"ဟာ..အစ်ကို...''
'အစ်ကိုတဲ့ သူငါ့ကို သိလို့လား..'
Jungkook နေကာမျက်မှန်ကို ချွတ်လိုက်ပြီး...
"အစ်ကို .. ပြန်လာတယ်''
"ဟင်...ချာတိတ် ဘယ်လိုဖြစ်လို့မင်းက ကိုယ့်ကို လာကြိုတဲ့သူ ဖြစ်နေရတာလဲ..''
"ဘယ်လို အစ်ကို.. ကျွန်တော်က အစ်ကို့ကို လာကြိုတယ် ဟုတ်လား...''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...