>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
Jungkook Namjoonဆီမှ Seokjin ph no. ရပြီးပြီးချင်း အားရဝမ်းသာနှင့် phခေါ်မည်လုပ်တော့ Hoseokဆီမှ phဝင်လာသည်။
"Hello hyung..''
"Hello Jungkook-ah ''
"ဟုတ် hyungဘာကိစ္စရှိလို့ phဆက်တာလဲ''
"အောင်မာ..ငါက ကိစ္စရှိမှ မင်းကိုphဆက်ရမှာလား..''
"မဟုတ်ပါဘူး hyungရာ..phဝင်လာလို့ ဒီတိုင်းပဲ မေးလိုက်တာပါ..ဒါဆိုဘာလဲ လွမ်းလို့လား..''
"လွမ်းစရာလား.. မင်းလို အရှုပ်ထုတ်ကို လူကိုတွေ့ရင် အကူအညီပဲတောင်းလွန်းလို့ တွေ့ကိုမတွေ့ချင်တာ ရှင်းလား...''
"hyung...အဲ့လိုနော်..''
"အေး..အဲ့လိုပဲ...ဒါပေမဲ့ခုက မင်းမေးသလိုပဲ မင်းကို ပြောစရာကိစ္စရှိလို့ phဆက်လိုက်တာ.. ပြောစရာဆို သတင်းပေးစရာပေါ့...''
"ဘာသတင်းလဲ hyung..မိုးလေဝသသတင်းဆို ဒီနေ့နေသာတာ ကျွန်တော်သိတယ်နော်...''
"အေး..အဲ့နေသာတဲ့ထဲမှာ နေပူစာလှုံနေလိုက်...ဟုတ်တယ် ဒီကသူ့အတွက် အကောင်းနဲ့လှမ်းပြောတာကို...လာပြောင်နေတယ်..မပြောပဲနေလိုက်တော့မယ်..''
"ဟာ..hyung hyungနေပါဦး..အဲ့လိုတော့ မလုပ်ပါနဲ့...ကျွန်တော်မစတော့ဘူး အတည်နားထောင်မယ်နော်..ဘာပြောမလို့လဲ...''
"ဒီနေ့ငါ Shinsegae Shopping Mallကို ဝယ်စရာလေးရှိလို့ သူငယ်ချင်းနဲ့သွားတာ...ဘယ်သူ့ကိုတွေ့ခဲ့တယ်ထင်လဲ..''
"ဘယ်သူ့ကိုတွေ့ခဲ့လို့လဲ..''
"မင်းချစ်သူ Sulliကို ကောင်လေးတစ်ယောက်နဲ့အတူ Beauty Salonတစ်ခုထဲကနေ ထွက်လာတာကို တွေ့ခဲ့တယ်... ကောင်လေးဆိုပေမဲ့ သူ့ထက်ကြီးမဲ့ပုံပဲ hyungတို့အရွယ်လောက်ပေါ့.. လက်ထဲမှာလည်း အထုတ်အပိုးတွေနဲ့.. hyungက နောက်ကလိုက်ကြည့်ချင်ပေမဲ့ သူငယ်ချင်းပါနေတာမို့ အားနာလို့ လိုက်မကြည့်လိုက်ရဘူး...''
"ဒါများ hyungရယ်..သူ့အစ်ကိုတွေဘာတွေ ဒါမှမဟုတ် သူ့အသိတွေဘာတွေ ဖြစ်ချင်ဖြစ်နေမှာပေါ့..''
"ဟာ..မင်းအဲ့လို လွယ်လွယ်မတွေးနဲ့လေ...မိန်းကလေးတစ်ယောက် shoppinထွက်တဲ့ နောက်ကို တကောက်ကောက်လိုက်ဖို့နဲ့ salonမှာ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမှတ်လို့..သာမန်လူက အဲ့လိုလိုက်လုပ်ပေးမယ်ထင်လို့လား...အခြားမကြည့်နဲ့ကွာ မင်းတောင် သူနဲ့ ဘယ်နှခေါက်လိုက်ကူလို့လဲ..''
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...