>>>>>>>>>>>>>>>♥<<<<<<<<<<<<<<<
"CEO ကျွန်တော် အသစ်ထပ်တိုးတဲ့ ရှယ်ယာရှင်တွေရဲ့ နှစ်ဘက်သဘောတူလက်မှတ်နဲ့ ထည့်ဝင်လာတဲ့ ရှယ်ယာရာခိုင်နှုန်းစာရင်းအားလုံး ချုပ်ပြီးလာပို့တာပါ..
တစ်ချက်စစ်ကြည့်ပေးပါဦး...''
စည်းကမ်းကြီးပြီး စိစစ်တဲ့ Jungkookဖေဖေ အာရှတော်ဝင်ရဲ့ အမှုဆောင်ဒါရိုက်တာ Jeon Dong-Won က အလုပ်လုပ်သည့်နေရာမှာလည်း တိကျသေချာပြီး..
သူတာဝန်ယူလုပ်ဆောင်တဲ့ အလုပ်မှန်သမျှကို အမည်ပျက်မရှိအောင် ဆောင်ရွတ်တတ်သူမို့ CEO ကင်မ်ဆိုဂျောင်း၏ ညာလက်ရုံးဟု ဆိုရလျှင်လည်း မမှားပါ..။
"ဒီနှစ် ထပ်တိုးရှယ်ယာတွေက အားရစရာပဲနော် ဒါရိုက်တာ Jeon..
ခင်ဗျားတာဝန်ယူထားတဲ့အပိုင်းမို့ ကျွန်တော်စိတ်ချပြီးသားပါ..ခုလည်း အားလုံးအစဥ်ပြေပါတယ်...
တစ်ခုပဲ ရှယ်ယာစျေးကွက်ကိုတော့ အခြားအမှားအယွင်းမရှိစေပဲ ဒီတိုင်းလေးပဲ ဆက်ထိန်းထားချင်တယ်ဗျာ...ဆိုလိုချင်တာကတော့ ကျသွားလို့မဖြစ်လို့ အဲ့ဘက်ကိုတစ်ချက် ကူညီပေးပါဦး..''
"စိတ်ချပါ CEOကျွန်တော် အစဥ်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်..''
"ဒါရိုက်တာ Jeonကို အားကိုးပါတယ်..
aww စကားမစပ် Jungkookကခုမှအလုပ်စဝင်တယ်ဆိုပေမဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုတော့ ကျွန်တော်ချီးကျူးမိတယ်ဗျာ..
အေးလေ...ဖအေကဒီလောက်စေ့စပ်သေချာပြီး တော်မှတော့ သားဖြစ်သူတော်တာလည်း ဘယ်ဆန်းပါ့မလဲနော်..
ခင်ဗျား သားကို သေချာပြုစုပျိုးထောင်ပေးထားတာပဲ...''
"ဟုတ် သားကိုချီးကျူးလို့ ကျေးဇူးပါCEO..
ဟုတ်တယ် CEO..Jungkookက ငယ်ငယ်ကတည်းက သူလုပ်ချင်ပြီဆိုရင် အဲ့အလုပ်ကို တစိုက်မတ်မတ်နဲ့ ကြိုးစားလုပ်တာ CEOရဲ့..
![](https://img.wattpad.com/cover/287019696-288-k630450.jpg)
YOU ARE READING
💖 𝘓𝘰𝘷𝘦 𝘈𝘵 𝘍𝘪𝘳𝘴𝘵 𝘚𝘪𝘨𝘩𝘵 💖 (မြင်မြင်ချင်းအချစ်)
Fanfictionအချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိုး...ထောင့်တစ်နေရာက အမှတ်မထင်ရင်ခုန်သံလေး ဖြစ်တည်လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ဘူးသည် မ...