"ပွမ်း..."ဟွန်းကိုသံရှည်ဆွဲပြီးအရှိန်မြန်မြန်
ဝင်ရောက်လာတဲ့ကရိန်းကားကြောင့် ရှောင်းကျန့်နဲ့ကျန်းလုံလူချင်းကွဲကာ
တစ်ဖက်စီလွင့်ထွက်သွားတယ်။ကားကကျန်းလုံဘက်ဦးတည်လာတာမို့
ပိုပြီးအလန့်တကြားရှောင်လိုက်ရတဲ့ကျန်းလုံက
ခြေလှမ်းတွေဆုတ်ရင်းဖင်ထိုင်လျက်ကို
လဲတော့တာပဲ။
သူကတော့ နည်းနည်းဟန်ချက်ပျက်သွားရုံသာ။"အား..ကျွတ်ကျွတ်"
မြေပြင်ကိုထောက်မိတဲ့လက်နှစ်ဖက်ကို
ဖြန့်ကြည့်လို့ရှုံ့မဲ့ကာညည်းငြူနေတဲ့
ကျန်းလုံအနားအပြေးသွားကာထူလိုက်ပြီး.."ရရဲ့လား..ဖြေးဖြေးထ"
"လက်ပွင့်သွားတယ်"
သူ့ရှေ့ဖြန့်ပြလာတဲ့လက်ဖဝါးမှာ
သွေးစတွေနဲ့။
မြင်ရုံနဲ့တင်ကျန်းလုံတော်တော်စပ်နေကြောင်း
ရှောင်းကျန့်ခန့်မှန်းမိတယ်။"အလုပ်ခွင်ထဲ
သတိလက်လွတ်လိုက်ရပ်မနေသင့်ဘူး
မဟုတ်ရင်.. လက်တင်မဟုတ်ပဲ
ခေါင်းပါပွင့်သွားနိုင်တယ်"စက်ရပ်သွားတဲ့ကရိန်းပေါ်ကဆင်းလာပြီး
အရှေ့မှာကြိုးနဲ့ချည်ထားတဲ့အခင်းတွေကို
အေးအေးဆေးဆေးဖြုတ်ရင်းပြောလာတဲ့လူ။
တောင်းပန်ခြင်းမပါသလို
နားဝင်ကောင်းစရာလဲရှိမနေတဲ့စကားလုံးတွေကို
သူတို့ဘက်လှည့်မကြည့်ပဲပြောနေတာ။ကျန်းလုံအခုလိုဖြစ်တာဟာ
သူ့အမှားတစ်စက်မှမပါသလိုမျိုး။"ခင်ဗျားဘာပြောတာလဲ"
ဝမ်ရိပေါ်ရှိရာလှမ်းမေးလိုက်တဲ့
ကျန်းလုံအသံကသူကြားဖူးနေကျလိုမဟုတ်ဘူး။
ဒါကတော်တော်တင်းမာတယ်။
နားထင်မှာမြင်နေရတဲ့သွေးကြောတွေက
ကျန်းလုံဘယ်လောက်ဒေါသထွက်နေကြောင်း
ဖော်ပြနေသလိုပဲ။ပခုံးကိုဆွဲထားလို့နေရာကနေရှေ့တိုးခွင့်
မရတဲ့ကျန်းလုံက ကမူးရှူးတူးနဲ့။
သူလွှတ်လိုက်တာနဲ့မကောင်းတာတစ်ခုခု
ဖြစ်သွားနိုင်တဲ့အခြေအနေမျိုး။အလုပ်လက်စသတ်သွားပုံရတဲ့ဝမ်ရိပေါ်က
သူ့တို့ရှိရာလျှောက်လာတာမို့
ကျန်းလုံပခုံးကိုပိုတင်းအောင်ချုပ်ထားမိတယ်။