ရှောင်းကျန့်အိပ်ယာနိုးလာတဲ့အချိန်က
အရမ်းနောက်မကျပေမဲ့
တစ်အိမ်လုံးမှာတော့သူကနောက်အကျဆုံးပဲ။
မျက်လုံးတွေဖွင့်လိုက်တာနဲ့
အိမ်သားတွေရဲ့စကားသံစုံစုံလင်လင်ကို
ကြားနေရပြီဖြစ်တယ်။ညကကြမ်းပြင်မှာမွေ့ယာခင်းအိပ်ကြတာကို
အခုသူနိုးလာတာက ပါး၊မားတို့ရဲ့ကုတင်ပေါ်မှာ။
ဒါက သေချာပေါက်
ပါးပွေ့ချီပြီးကုတင်ပေါ်ပြောင်းသိပ်ခဲ့တာ။
သူတို့အိပ်ခဲ့တဲ့ကြမ်းပြင်မှာတော့
အညီခေါက်ထားတဲ့မွေ့ယာပုံကြီးပဲရှိနေတယ်။ဟိုးအရင်တည်းကနေအခုထိ
မိသားစုတွေအတူအိပ်တိုင်းဒီလိုနိုးလာရတာ
ထုံးစံကိုဖြစ်နေတာမို့မျက်လုံးတွေပွတ်သပ်ရင်း
ပြုံးမိသေးတယ်။
ဘယ်အချိန်၊ဘယ်နေရာပဲဖြစ်ဖြစ်
ရှောင်းကျန့်ကတစ်အိမ်လုံးရဲ့ပိုးလုံးလေး
ဖြစ်နေတုန်းပါပဲ။ဒါနဲ့..။
ညကဟိုလူဆိုးကောင်
အိမ်မှကောင်းကောင်းပြန်ရောက်ရဲ့လားမသိ။
သူပေးလိုက်တဲ့ဆေးရော
သောက်မှသောက်ပါ့မလား။ကြည့်..စောစောစီးစီးကိုတောင်မှပဲ
သူ့ရဲ့အသစ်စက်စက်ရည်းစားကောင်က
စိတ်ပူအောင်လုပ်နိုင်တယ်။အနည်းငယ်ထူအမ်းအမ်းဖြစ်နေတဲ့
နှုတ်ခမ်းကိုတုံ့ထိရင်း ကိုယ့်အတွေးနဲ့ကိုယ်
ခေါင်းအုံးကိုတစ်ဘုန်းဘုန်းရိုက်မိသေးတယ်။
အရင်လို ဘာမှန်းညာမှန်းမသိတဲ့
အခြေအနေမဟုတ်တော့ဘူး။
အခုသူတို့က ရည်းစားတွေဖြစ်သွားကြပြီ။အင်း..သူများနဲ့မတူတဲ့ရည်းစားစကားကို
အိမ်ပေါ်ထိတက်ပြောသွားပြီး
ချက်ချင်းလက်ငင်းအဖြေဓားမြတိုက်သွားတဲ့
ရည်းစားအကောင်းစားကြီးပါပဲ။အဖြစ်သည်းတယ်ပဲဆိုချင်ဆို။
ရှောင်းကျန့်ကမြန်မြန်ပွဲရုံသွားပြီး
သူ့ရည်းစားကိုတွေ့ချင်လှပြီ ..ဟိ။စိတ်ထဲကတစ်ခိခိကြိတ်ရယ်ရင်း
ကိုယ်ကိုလူးလွန့်လို့အိပ်ယာပေါ်ထထိုင်ကာ
အပျင်းဆန့်နေတုန်း"နိုးနေပြီလားအိပ်ပုပ်လေး"
ကျဲကအခန်းထဲဝင်လာပြီး
သူ့ခေါင်းကိုပွတ်ရင်းဆိုလာတယ်။
မနက်စောစောစီးစီးမှာကျဲမျက်နှာလေးက
လန်းဆန်းနေတာပဲ။
မနက်ခင်းလေးကကျက်သရေရှိချက်။
