"ပြုတ်ကျလို့ကျိုးပဲ့နေမှဖြင့်ကွယ်""နောက်ကျနေပြီဆိုတော့ အိမ်ရှေ့ကနှိုးရင်
အဖွားတို့အိပ်ရေးပျက်မှာ စိုးတာနဲ့.."ဝမ့်အဖြေစကားက အထစ်ထစ်အငေါ့ငေါ့။
ထစ်မှာပေါ့ အဖြေက
မှန်တစ်ဝက်၊လိမ်တစ်ဝက်ကို။"ဘယ်လောက်များအိပ်ရေးပျက်သွားမှာမို့လို့လဲ
ဖွားဖြင့်နိုးနိုးချင်း အားကျန့်အခန်းကို
လှေကားကြီးထောင်ထားတော့
သူခိုးဓားမြဝင်တာလားဆိုပြီးလန့်သွားတာပဲ"ခေါင်းကုတ်ဖင်ကုတ်လုပ်နေတဲ့ဝမ်ကြောင့်
ရှောင်းကျန့်ကြိတ်ရီလိုက်တယ်။
ကောင်းတယ် အဲမှာအဆန်းထွင်ချင်ဦး။"နောက်ဒါမျိုးမလုပ်နဲ့တော့နော်"
"ဟုတ်ကဲ့ ဆင်ခြင်ပါ့မယ်အဖွား"
"အေးအေး"
ဝမ်နဲ့ဖွားဖွားကသာ စကားတွေပြောနေကြတာ။
ရှောင်းကျန့်ကတော့ မနက်စာတောင်
မစားနိုင်ပဲ ငိုက်မြည်းနေတာထိန်းလို့တောင်မရ။
အိုင်ရင်းနဲ့မင်ယဲကလဲ တိတ်ဆိတ်စွာပဲ
စားနေကြတာမို့ စကားပြောဖော်မရှိတော့ပိုဆိုး။"အားကျန့် နေမကောင်းဘူးလား"
"ကောင်း ကောင်းပါတယ်ဖွားဖွား"
"ဟုတ်ရဲ့လား ဘာမှလဲမစားဘူး
မျက်နှာလဲချောင်ကျနေသလားလို့"တစ်ကယ်ကြီးလား။
တစ်ညတည်းနဲ့လေ..သူတစ်ကယ်ပဲ
မျက်နှာချောင်ကျသွားတာလား။
ဝမ့်မျက်နှာကိုကွက်ခနဲကြည့်လိုက်တော့
သိပ်ကိုသဘောကျနေတဲ့ရုပ်ကြီးနဲ့။
သူဒီလိုဖြစ်အောင်လုပ်နိုင်လို့
မတရားဂုဏ်ယူနေမှာပေါ့။ဟွန့်..အမြင်ကပ်စရာကောင်းလိုက်တာ။
"နေကောင်းတယ်ဆိုရင်လဲထားပါတော့
ဖွားပွဲရုံသွားတော့မယ်..
ရိပေါ်ကတစ်ခါတည်းလိုက်မှာလား""ဟုတ်ကဲ့ ကျွန်တော်လဲသွားတော့မလို့"
ဖွားဖွားက ခေါင်းတစ်ချက်ညိတ်ပြီး
အိပ်ခန်းဘက်ထထွက်သွားတယ်။
ဝမ်ကဖွားဖွားကိုထိုင်စောင့်နေပုံရပြီး"ကိုယ်ညနေလာခေါ်မယ်..
စားလို့ပြီးရင်သွားအိပ်နေနော်""အွန်း.."
