"ဒီလိုဖြစ်လာမှတော့ဘယ်တတ်နိုင်ပါ့မလဲ"
"ဒါပေမဲ့ကျွန်မတို့သားလေး..
ကျွန်မသားလေးနဲ့ ဒီလောက်အဝေးကြီး ဟင့်"မားငိုနေတာလား ။ဘာလို့များလဲ။
ပါးနဲ့မားပြောနေတဲ့သူ့အကြောင်းထဲမှာ
ဘာတွေဝမ်းနည်းစရာရှိနေခဲ့တာလဲ။"အားကျန့်.."
"ရှူး"
အနားလာရပ်တဲ့ကျဲကိုအသံတိတ်ဖို့
အချက်ပြလိုက်တော့"ဘာဖြစ်လို့လဲ"
ပါးစပ်လှုပ်ရုံမေးလာပါတယ်။
"မားငိုနေတယ်"
သူလဲအလားတူပြန်ဖြေလိုက်ပြီး
အခန်းထဲကစကားသံတွေထပ်နားစွင့်မိတယ်။
ကျဲလဲတိတ်တဆိတ်အာရုံစိုက်နေပုံပဲ။"ကျွန်မတော့
ဝဋ်လည်တာထင်ပါရဲ့ယောကျာ်းရယ်""ဘာတွေပြောနေတာလဲကွာ"
"ရှင့်မားဆီကနေ ရှင့်ကိုခွဲမိလို့
ကျွန်မဝဋ်လည်တာထင်တယ်""ဒီလိုတွေမတွေးနဲ့လေ..
ဒါကလူ့သဘာဝပဲ
အရွယ်ရောက်လာတဲ့သားသမီးက
မိဘရင်ခွင်နဲ့ခွဲရတာဓမ္မတာပဲမဟုတ်လား""အခုကဝေးလွန်းတယ်
တစ်မြို့တည်းဆိုရင်တောင်
လွမ်းရင်ပြေးတွေ့လို့ရသေးတယ်"စကားဆုံးတိုင်း မားဆီကရှိုက်ငိုသံတွေ
သူကြားနေရတယ်။"ကံကြမ္မာကသတ်မှတ်ထားပြီးသားဖြစ်မှာပါ
ကိုယ်တို့သားငယ်လေးက
မြို့ပေါ်မှာရေရှည်နေလို့မရတဲ့
ကျန်းမာရေးဆိုတော့လဲ
သူနဲ့သင့်တော်ရာမှာနေရမှာပဲ..
ဒီမြို့နဲ့ဆိုအဆင်ပြေတယ်လို့ဆရာဝန်က
ပြောတယ်မလား "လက်စသတ်တော့ ဆေးရုံမှာတုန်းကရော
ဆေးရုံကဆင်းပြီးတဲ့အချိန်တွေရော
မားမျက်နှာမကောင်းတာ၊
သူ့ကိုအကြောင်းမဲ့ငေးကြည့်နေတတ်တာ
ဒီလိုတွေကြောင့်ပေါ့။
နဂိုကအားနည်းတဲ့သူ့အဆုတ်က
ဒီတစ်ခေါက်ထိခိုက်မှုအပြီးမှာ
တင်းတင်းကျပ်ကျပ်ဂရုစိုက်ရတော့မဲ့
အခြေအနေဖြစ်သွားတယ်ထင်ရဲ့။"ကိုယ်တို့လဲဒီအချိန်ကျမှ
ဒီမှာပြန်ပြီးအခြေချဖို့ဆိုတာမလွယ်ဘူးလေ..
ဟော အခုဘယ်လောက်အဆင်ပြေလဲ
ဟိုကလေး ဒီမြို့မှာရှိနေတာ
တို့သားလေးအတွက်စိတ်ချရတာပေါ့
မဟုတ်ဘူးလား"
![](https://img.wattpad.com/cover/274540882-288-k333814.jpg)