"ကျုပ်မသိဘူးလို့ပြောပြီးပြီ"
"ခင်ဗျားလိမ်နေတာ
ကိုယ့်သားတစ်ယောက်လုံးဘယ်သွားမှန်း
မသိဘူးဆိုတာဖြစ်နိုင်လို့လား""ယုံတာမယုံတာခင်ဗျားအပိုင်းပဲ
ကျုပ်စကားကုန်ပြောပြီးပြီ
ဘာမှထပ်ပြောစရာမရှိတော့ဘူး""တောက်..
ငါ့လက်နဲ့မိလို့ကတော့
နှစ်ယောက်လုံးသတ်ပစ်မှာ""စိတ်လျှော့ပါကွယ် စိတ်လျှော့ကြပါ"
လူကြီးနှစ်ယောက်အလယ်မှာရပ်နေတဲ့
ဖွားဖွားက လေသံအေးအေးနဲ့
ဝင်ဖျောင်းဖျပေမဲ့ အခြေအနေကတင်းမာဆဲ။"ဘယ်လိုလျှော့နိုင်မှာလဲအဖွား
ကျွန်တော့သမီးတစ်ယောက်လုံးပါသွားတာ
ပြီးတော့ လိုက်သွားတဲ့ကောင်ကလဲ တောက်"ဖွားဖွားက အခုထိငူငူကြီးရပ်နေတဲ့သူ့ဘက်
အသာလှည့်ကြည့်လာပြီးသက်ပြင်းချတယ်။
ရှောင်းကျန့်ကအခုစက်ရုပ်လိုပဲ။
ဘာမှလဲဝင်မပြောသလို လှုပ်ရှားမှုလဲမရှိ။
ရောက်လာတုန်းကရပ်ထားတဲ့နေရာကနေ
တစ်လက်မလေးတောင်မရွေ့လျားမိဘူး။ဝမ်ညက အခန်းပြန်လာတာမတွေ့ရဘူးတဲ့။
ဘေးခန်းကလူတွေပြောကြတယ်။
အခုမနက်အစောကြီးလဲ ဝမ်ရှိမနေပြန်ဘူး။"ရိပေါ်နဲ့လိုက်ပြေးတယ်ဆိုတာရော
သေချာရဲ့လားကွယ်""ဒီမြို့မှာကျွန်တော့သမီးနဲ့
တစ်တွဲတွဲရှိတာ ဒီကောင်ပဲရှိတယ်
တစ်ခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ..အခုက
လူကြားမကောင်းတဲ့အဆင့်ထိတောင်ဖြစ်နေပြီ
ငါကွာ .."မယ်ရာ့အခြေအနေက ဘယ်မိဘမဆို
ကမူးရှူးတူးဖြစ်မဲ့အနေအထားပဲ။
ကိုယ်ဝန်ရှိနေလို့လိုက်ပြေးတာတဲ့။အဲစကားနဲ့တင် သူကငြိမ်ကျသွားခဲ့တာ။
"ဒါပေမဲ့ဒီစာထဲမှာ ကျုပ်သားနံမည်
တစ်လုံးမှမပါဘူး
ခင်ဗျားအထင်နဲ့လာစွပ်စွဲနေတာ
လွန်တယ်မထင်ဘူးလား""ဒီလောက်အားလုံးကရှင်းနေတာကို
နံမည်ပါဖို့လိုသေးလို့လား
ပြောစမ်း
ဒါခင်ဗျားတို့သားအဖနှစ်ယောက်အကြံမလား"
![](https://img.wattpad.com/cover/274540882-288-k333814.jpg)