အနှစ်၂၀လုံးလုံး ပုံမှန်ဖြတ်သန်းခဲ့တဲ့
နေ့ရက်တွေက ရုတ်ချည်းပြောင်းလဲသွားတယ်။
နေ့စဒူဝကိစ္စတွေ မဖြစ်မနေလုပ်နေရပေမဲ့
သူက သံပါတ်ပေးထားတဲ့အရုပ်အတိုင်းပဲ ။
အိပ်ယာထတယ်၊မနက်စာစားတယ်၊
ကျောင်းသွားတယ်၊သင်နေတဲ့ဘာသာရပ်တွေကို
နားလည်တစ်ချက် မလည်တစ်ချက်နဲ့ပဲ
တစ်နေ့တာကိုကုန်ဆုံးတယ်။သူငယ်ချင်းတွေကြားမှာ အရင်လို
တက်တက်ကြွကြွမရှိတော့တဲ့သူ့ကို
ထွေထွေထူးထူးတော့စိတ်ထဲမထားကြ။
နှလုံးသားလေးအလွမ်းဖျားမိနေကြောင်းကို
အားလုံးသိပြီးသားဖြစ်တာမို့ပင်..။၂ပါတ်ပဲရှိသေးပေမဲ့
ဝမ်နဲ့ဝေးနေရတဲ့ရှောင်းကျန့်နေ့ရက်တွေက
ရေမထိတဲ့ပန်းလေးလို ညှိုးရော်နွမ်းလို့ပါပဲ။
သူငယ်ချင်းတစ်ချို့ကတော့ပြောပါတယ်။
မင်းကိုကြည့်ပြီးသံဝေဂရနေပြီတဲ့ ။သူတို့တွေမသိဘူး။
ချစ်တတ်သွားပြီးရင် လွမ်းရတာလည်း
အရသာပဲဆိုတာကို။
နည်းနည်းတော့ခါးသက်ပေမဲ့
အချစ်ရဲ့မြစ်လက်တက်လေးမို့
ဒီလိုလွမ်းရတာလေးကိုက အာသီသပါပဲ။"ဟေး ဒီနေ့စောလှချည်လား "
စားပွဲပေါ်မှာမှောက်ထားတဲ့ခေါင်းကို
ပြန်မမော့ရသေးပေမဲ့ အသံပိုင်ရှင်ဟာ
ဘယ်သူလဲဆိုတာသူသိပြီးသား။
ပြီးတော့ သူ့တစ်ကိုယ်လုံးကို
စားပွဲထဲနစ်ဝင်မတတ်ဖိချထားတဲ့
ခန္ဓာကိုယ်ကိုလဲ သူသိပ်သိတယ်။"လေးတယ်ဂျွန်"
ရှောင်းကျန့်နှာမှုတ်လို့ ပခုံးပေါ်လာဖိထားတဲ့
လက်တွေကိုသပ်ချရင်းပြောလိုက်တော့
ဂျွန်ကဟက်ခနဲရယ်တယ်။အစအနောက်သန်တဲ့ဂျွန်က
အနောက်နိုင်ငံသား ကပြားပီပီ
တော်ရုံသုန်မှုန်ပြနေရုံနဲ့မဖြုံတတ်။
အဆဲခံရရင်တောင်
စပ်ဖြီးဖြီးလုပ်နေတတ်တဲ့ကောင်စားမျိုးပင်။အဲဒါတွေကြောင့်လဲ အထက်တန်း
နောက်ဆုံးနှစ်ကမှပြောင်းလာတဲ့
ဂျွန်နဲ့ သူတို့တစ်ဖွဲလုံးက
ငယ်ပေါင်းတွေလိုရင်းနီးသွားကြတာ။ဂျွန်ကထွားတယ်။
ဝမ့်ထက်တောင်ထွားတယ်ထင်တာပဲ။
မေးရိုးထင်းထင်း နှာတံချွန်ချွန်နဲ့
ဟောလိဝုဒ်မင်းသားတွေလိုချောပေမဲ့
တည်တည်တံ့တံ့မရှိတာမို့
မျက်နှာချောချောက တစ်စက်လေးမှ
စိတ်ဝင်စားချင်စရာမရှိပေ။