အဲဒီနေ့က ရာသီဥတုသာယာတယ်။
ခြံထဲမှာ မားပြုစုထားတဲ့နွေဦးပန်းလေးတွေလဲ
လှိုင်လှိုင်ပွင့်လို့ပဲ။အားလုံးအဆင်ပြေနေတဲ့ဒီနေ့လေးက
ရှောင်းကျန့်တို့ရဲ့မင်္ဂလာနေ့။အနီရောင်ကောဇောခင်းကြီးမရှိဘူး။
ဧည့်ပရိတ်သတ်တွေလဲမရှိသလို
ကတိသစ္စာကျမ်းကျိန်ဆိုဖို့
ဘုရားကျောင်းက ဖာသာရှေ့လဲ
သူတို့ရပ်မနေကြပါဘူး။' အခုကစပြီး
အားကျန့်ကိုမင်းလက်ထဲအပ်လိုက်ပြီ'ပါးရဲ့ တည်ကြည်အေးချမ်းတဲ့အမှာစကားကို
ဝမ်ကခေါင်းအထပ်ထပ်ညိတ်လို့
သူ့လက်ကိုအသာဆုပ်ကိုင်လာကာ..'ကျွန်တော့အသက်နဲ့ရင်းပြီး
စောင့်ရှောက်သွားမှာပါ' ဆိုတဲ့
ကတိစကားဖြင့်သာ ရှောင်းကျန့်က
ဝမ်ရိပေါ်ဆိုတဲ့လူသားနဲ့ပေါင်းဖက်ဖို့
အချိန်အခါသင့်ခဲ့လေတယ်။ကျောင်းပြီးသွားပြီဆိုပေမဲ့လို့
အခုထိ အိမ်မှာကလေးလုပ်တုန်းဖြစ်တဲ့
ရှောင်းကျန့်က မိဘရင်ခွင်ကခွဲထွက်ရမယ်
ဆိုတော့ ပြုံးတောင်မပြုံးနိုင်ရှာဘူး။ဒါကိုသိတဲ့ဝမ်က ခနတိုင်းပဲ
လူကြီးတွေအလစ်မှာ သူ့နဖူးကို
နှစ်သိမ့်အနမ်းလေးခြွေတတ်တယ်။"နောက်ကျနေမယ် သွားကြတော့"
"......"
ပါးတို့အိပ်ခန်းဘက် လှည့်ငေးနေတဲ့သူ့ကို
ခေါင်းလေးပွတ်သပ်လို့"မားအတွက်စိတ်မပူနဲ့
ပါးချော့လိုက်မယ်.."ညကအထိ တစ်ဖွဖွမှာတမ်းခြွေနေခဲ့တဲ့မားက
တစ်မနက်လုံး အရိပ်လေးတောင်ထွက်မပြပါ။
သူထွက်သွားတာကို မကြည့်နိုင်လို့ဆိုတာ
သိပေမဲ့ မသွားခင်တော့ တွေ့ချင်မိသေးတာ။"သွားတော့အားကျန့်
လုလုလဲရှိနေတာပဲ..
မားအဆင်ပြေမှာပါ
ခေါ်သွားတော့ရိပေါ်.."ကျဲကပါ ဝင်ပြောလာတော့
သူ့ခေါင်းကိုညိတ်လိုက်ပြီး
တစ်ဦးတည်းသောတူလေးရဲ့
ပါးအိအိလေးကို
နှာခေါင်းနစ်အောင်နမ်းလိုက်တယ်။"လုလုလေး ဖွားဖွားကိုများများချွဲနော်
ဦးဦးငယ်အစားပိုချွဲရမယ် သိလား..
မွ..အာ ဝါး"
