"မား"မီးရောင်လင်းထိန်နေတာမဟုတ်ပေမဲ့
မားမျက်လုံးတွေကတော့မီးဝင်းဝင်းတောက်
နေတဲ့အတိုင်းပဲ။
စူးစူးရဲရဲစိုက်ကြည့်နေတာက
ဆုပ်ကိုင်ထားတဲ့သူတို့လက်တွေကိုဖြစ်လို့
မသိမသာလှုပ်ရုန်းလိုက်မိတယ်။
ဒါပေမဲ့
ဝမ်ကသူ့လက်ကိုတင်းတင်းဆုပ်ထားတုန်းပဲ။"အားကျန့် ဒီကိုလာစမ်း"
ရှောင်းကျန့် မားမျက်နှာကိုတစ်လှည့်
ဝမ့်မျက်နှာကိုတစ်လှည့်အသာကြည့်နေတုန်း"မားပြောနေတာမကြားဘူးလား"
ခြေလှမ်းတိုးလာတဲ့မားက
ဝမ်ဆုပ်ကိုင်ထားတဲ့သူ့လက်ကိုဆွဲဖြုတ်ပြီး
ဘေးမှာဆွဲရပ်စေလိုက်တယ်။"ဒီတော့..မင်းကတော်တော်အတင့်ရဲတာပဲ
ဒီအထိတောင်ရောက်လာရဲတယ်ဆိုတော့"ဝမ့်မျက်နှာကိုကြည့်ပြီးအေးစက်စက်ပြောတဲ့မား။
"ဒုက္ခရောက်သွားချင်လို့လား"
"ကျွန်တော်ဘာမှမကြောက်ဘူး"
မားအသံကအေးစက်တယ်ဆိုရင်
ဝမ့်အသံက ရေခဲမြစ်ရေလိုပဲ။
နှစ်ယောက်က စကားဆက်ပြောလို့
ကောင်းလာနိုင်စရာဘာမှမရှိ။"မင်းငါ့ကိုစိန်ခေါ်တာလား"
"မား"
မားလက်မောင်းကိုဖွဖွပုတ်လိုက်တယ်။
မားကသူ့ကိုတစ်ချက်သာလှည့်ကြည့်လာပြီး
ဝမ့်ကိုပြန်ကြည့်ကာ.."မင်းသိထားပြီးပြီဆိုရင်တောင်
ထပ်မှတ်ထားလိုက်
အားကျန့်နဲ့မင်းကိုလုံးဝသဘောမတူနိုင်ဘူး""ရှောင်းကျန့်ကျွန်တော့ကိုချစ်နေသေးသ၍
အန်တီသဘောမတူရင်တောင်
ကျွန်တော်ကတော့နောက်ဆုတ်မှာမဟုတ်ဘူး""မင်း.."
မားကဝမ့်မျက်နှာကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး
ခပ်ကျယ်ကျယ်တောက်တစ်ချက်ခေါက်တယ်။"မင်းလိုဗီဇမျိုးနဲ့ငါ့သားကတန်လို့လား
သူ့အနာဂါတ်ကဒီနေရာလဲမဟုတ်သလို
မင်းလိုလူဆိုးအတွက်လဲမဟုတ်ဘူး..
တစ်ကယ်လို့မင်းအားကျန့်ကိုချစ်တာမှန်ရင်
ဘဝဆိုးတွေထဲဆွဲမခေါ်သင့်ဘူး"
