(warning)
"ဝမ်"
ဝမ်က .. ဘယ်လိုလုပ်ပြီး။
သူ့မျက်လုံးတွေကို မှိတ်လိုက်ဖွင့်လိုက်
အကြိမ်ကြိမ်လုပ်နေမိတယ်။
တစ်ကယ်ကြီးဝမ်က သူ့ရှေ့ရောက်နေတာ။ပြေးလာလို့ရတဲ့လမ်းလဲမဟုတ်၊
ချက်ချင်းစီစဉ်လို့ရတဲ့ခရီးလဲမဟုတ်..
အခြေအနေက လုံးဝရှော့ရစရာကြီးပါ။"ဘယ်လိုလုပ်ပြီး"
ရှောင်းကျန့်ဘာပြောရမှန်းတောင်မသိဘူး။
စကားတစ်ခွန်းပြောထွက်ဖို့အရေး
တော်တော်လေးကို အားယူနေရတယ်။"ကိုယ့်ဆီလာခဲ့"
သြရှရှအသံက ပကတိတည်ငြိမ်တယ်။
ဖုန်းထဲကပဲကြားနေခဲ့ရတဲ့အသံလေးက
အပြင်ကအသံနဲ့ကွာလိုက်တာ။
ဘယ်လိုပြောရမလဲ..အခုခေတ်စားနေတဲ့
ဒူးပြေးထောက်ချင်စရာကြီးဆိုတာမျိုးပေါ့။အခုထိပခုံးပေါ်တင်ထားဆဲဖြစ်တဲ့
ဂျွန့်လက်တွေကနေရုန်းထွက်ပြီး
ခြေလှမ်းသုံးလှမ်းလောက်အကွာမှာ
ရပ်နေသူရှိရာ
လှစ်ခနဲလျှောက်သွားလိုက်တယ်။အနီးကပ်ကြည့်တော့မှ
အသံတင်မဟုတ်ဘူး ၊
ဝမ်က လူပါထွားလာသလားလို့။
သူ့ကိုယ်လုံးနဲ့တော်တော်လေး ကွာသွားတာပဲ။ပြီးတော့...
အရင်ကလူငယ်ဆန်ဆန်ဆံပင်တွေကို
သပ်သပ်ရပ်ရပ်ညှပ်ထားပြီး
သေချာပုံသွင်းထားကာ
သူတစ်ခါမှတွေးမကြည့်ဖူးခဲ့တဲ့
အနက်ရောင် suit ပြည့်နဲ့ဝမ်က
သိပ်ကိုခန့်ညားထည်ဝါနေတယ် ။အကြာကြီးလွမ်းနေခဲ့ရတဲ့ရည်းစားက
အခုလိုရူးလောက်အောင်ချောပြီး
ရောက်ချလာတော့ ရှောင်းကျန့်လေးခမျာ ခြေတွေတောင်ယိုင်ချင်ချင်ပဲ ။"ပြောတော့ မ..မလာဘူးဆို"
"surpriseလေ..
အခု ကိုယ်ကပြန်ပြီး
surprise အတိုက်ခံလိုက်ရတာလား"ဝမ့်မျက်နှာအမူအယာက
ခန့်မှန်းရခက်တယ်။
ခုနကမြင်ကွင်းကြောင့် ဝမ်သဝန်တိုနိုင်တာ
သိပေမဲ့ ဝမ်ကဘာမှမဖြစ်ခဲ့သလို
အေးအေးဆေးဆေးပဲ ပြောလာတာ။"ဟေး မိတ်ဆက်ပေးလေ"
ဂျွန်က အနားရောက်လာပြီး
သူ့ထုံးစံအတိုင်း ပြောင်စပ်စပ်
လာလုပ်နေတာမို့