(Unicode)
ပူတယ်။
အရှိန်ပြင်းပြင်းပွတ်တိုက်ခံနေရတဲ့
သူ့နှုတ်ခမ်းတစ်ခုလုံးရော၊
ဝမ်ရိပေါ်ချုပ်ကိုင်ထားတဲ့သူ့မေးရိုးတွေရော။ဖျားနေတဲ့လူထိတွေ့သမျှနေရာတိုင်း
ပူပြင်းနေတာအဆန်းမဟုတ်ပေမဲ့
သူ့တစ်ကိုယ်လုံးကသွေးတွေပါ
ဆူပွတ်နေတယ်လို့ ဘာကြောင့်များ
ခံစားမိနေတာလဲ။သူ အဖျားကူးနေပြီလား။ခေါင်းစဉ်တပ်ရရင်သာအနမ်းလို့
ဆိုနိုင်ပေမဲ့ အခုသူကသားရဲတွင်းထဲ
ခုန်ဆင်းမိသလိုပဲ။
မကြာခင်မှာအမဲဖျက်တော့မဲ့သားသတ်ကောင်
လိုမျိုး သူ့ရှေ့ကလူကဒီအခြေအနေမှာ
သိပ်ကိုစိတ်အားထက်သန်နေခဲ့တာ။
အချိန်ကြာကြာပွတ်တိုက်ခံနေရတဲ့
နှုတ်ခမ်းသားတွေဆီကရလိုက်တဲ့
ညှီစို့စို့သွေးနံ့တို့ကသက်သေပဲ။ဘုရားစူး..။
သူ့ဘဝရဲ့ပထမဦးဆုံးအနမ်းက
ဒီလိုအရိုင်းဆန်လိမ့်မယ်လို့အိမ်မက်တောင်
မမက်ဖူးပါ။
အားလုံးဟာ လူဆိုးတစ်ယောက်နဲ့
ဆုံဆည်းခဲ့ခြင်းရဲ့နောက်ဆက်တွဲလေလား။စိမ်းရွှင်ရွှင်သွေးအရသာကိုခံစားလိုက်ရပြီးတဲ့
နောက် သူ့နှုတ်ခမ်းတွေလွတ်လပ်ခွင့်ရခဲ့တယ်။
ဒါက အသက်ရှူဖို့လိုအပ်တာကြောင့်
သူကိုယ်တိုင်ဖယ်ခွာခဲ့ခြင်းဖြစ်တယ်။
သက်သာသွားပြီထင်ရတဲ့အဆုတ်က
ခနတွင်းချင်းစိုးရိမ်အမှတ်ရောက်သွားသလိုမျိုး။
လူဆိုးတွေနဲ့နမ်းခြင်းဟာ..
အဆုတ်ကိုဆိုးရွားစွာထိခိုက်စေတယ်ထင်ရဲ့။နှုတ်ခမ်းတွေဖွင့်ပြီးအသက်ကိုလုရှူနေရတယ်။ထူးဆန်းတာက နှုတ်ခမ်းသားတွေ
သွေးထွက်သွားပြီဆိုတာသိလိုက်ပေမဲ့ သူ့ဆီမှာဘာနာကျင်မှုမှမရှိဘူး။ဒါဆို..။
အတွေးနဲ့တစ်ပြိုင်တည်းအရှေ့ကလူကို
မော့ကြည့်လိုက်ပေမဲ့ သူ့မျက်စိထောင့်ကနေ
အရိပ်တစ်ခုကိုမြင်လိုက်ရတာမို့
အလန့်တကြားပဲနောက်ဆုတ်မိသွားတယ်။
ပိုပြီးထိန့်လန့်ဖို့ကောင်းတာက
အဲဒါကအရိပ်မဟုတ်ပဲ အခန်းဝမှာလာရပ်နေတဲ့
လူတစ်ယောက်ဖြစ်နေခဲ့တာပဲ။ဘယ်ကတည်းကရောက်နေပြီး
ဘာတွေမြင်သွားသေးလဲ။
ပြီးတော့ အဲဒီလူကြီးကဘယ်သူလဲ။