"အမယ်လေး..ဘာဖြစ်လာကြတာလဲ
အားလုံမျက်နှာကရစရာမရှိပါလား"အိမ်ထဲဝင်ဝင်ချင်းမားကအလန့်တစ်ကြား
အော်ဟစ်ရင်းသူတို့ရှိရာအပြေးရောက်လာတယ်။
စကားထိုင်ပြောနေပုံရတဲ့ ဖွားဖွား၊ပါးနဲ့ကျဲတို့လဲ
အထိတ်တစ်လန့်တွေဖြစ်ကုန်ကြလေရဲ့။"ဘာဖြစ်လာတာလဲ ဟင်အားကျန့်
မထိတ်သာမလန့်သာရှိလိုက်တာ..
ဘယ်သူလုပ်လိုက်တာလဲ
မြန်မြန်ပြောစမ်းပါ မားရင်ထိတ်လွန်းလို့""အရင်ဆုံးဒီမှာလာထိုင်ကြအုံး
ပြောတာကနောက်မှပြောလဲရတယ်
ဒဏ်ရာတွေကြည့်ရအောင်"ပါးကဝင်ပြောတော့မှမားလဲခြေလှမ်း
နောက်ဆုတ်ပြီး ကျန်းလုံကိုတွဲသွားတယ်။
ရှောင်းကျန့်နဲ့အိုင်ရင်းကတော့
ဘာမှမပြောဘဲအနောက်ကလိုက်ဝင်ပြီး
ဆိုဖာမှာတိတ်ဆိတ်စွာပဲသွားထိုင်တယ်။"ဆေးသေတ္တာရော..ဆေးသေတ္တာယူကြပါအုံး"
ကျဲကအမြန်ထသွားပြီးခနလေးအတွင်း
ဆေးသေတ္တာပိုက်ကာပြန်လာတယ်။
နောက်တော့ ကျန်းလုံဘေးဝင်ထိုင်ကာ.."လာ အရင်ဆုံးသန့်ရှင်းရေးလုပ်ရမယ်"
ပိုးသတ်ဆေးရည်ကိုဂွမ်းတံနဲ့တို့ပြီး
ကျဲကဒဏ်ရာကိုဆေးထည့်ခြင်းစတင်တယ်။
ဘေးမှာထိုင်ကြည့်နေကြတဲ့လူကြီးတွေလဲ
စိုးရိမ်တစ်ကြီး။
ရှောင်းကျန့်တစ်ယောက်ပဲ
ဦးတည်ရာမဲ့ငေးရင်းထိုင်နေမိတာ။"နည်းနည်းစပ်မယ်နော်"
"အာ့.."
ကျန်းလုံမျက်နှာက ကလေးလိုရှုံ့မဲ့နေတယ်။
ခုနကသူသေကိုယ်သေချနေခဲ့တာ
သူမဟုတ်တဲ့အတိုင်း။"ဖူးယောင်နေတာပဲ..အားကျန့်ရော
ဘယ်နားထိလာသေးလဲ"သူခေါင်းပဲအသာယမ်းပြလိုက်တယ်။
ဒီတော့မှကျဲကသက်ပြင်းကိုချလိုက်ပြီး
မားမျက်နှာကိုကြည့်တယ်။"မားကိုပြောအားကျန့်..
ဘယ်သူလုပ်တာလဲ
ဘာလို့ဒီလိုလုပ်တာလဲ"ရှောင်းကျန့်ကဆက်ပြီးတိတ်ဆိတ်နေသလို
ဒဏ်ရာတွေဆေးထည့်ပြီးသွားတဲ့ကျန်းလုံလဲ
ငြိမ်သက်လျှက်။
သူ့ကိုကြည့်နေတာသိပေမဲ့
မျက်နှာလွှဲထားလိုက်တယ်။
အခုအချိန်မှာကျန်းလုံနဲ့မျက်လုံးချင်းမဆုံချင်ဘူး။
