Unicode
အခန်း(၅၃) - ကြောက်ရွံ့ထိတ်လန့်မှု
ရိဟန်ရဲ့ အသက်ရှုသံက ကြောက်လန့်တကြားဖြင့် ထွက်ပေါ်လာသည်။ ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူမှတ်မိနေသည်လေ။ သူကသာ ကျင်းယွမ်ကို အရင်ဆုံး စနမ်းတဲ့သူ.... သူကသာ ဘာမှမဝတ်ထားပဲနဲ့ ကျင်းယွမ်ရင်ခွင်ထဲ ခုန်ဝင်တဲ့သူ... ကျင်းယွမ်ရဲ့ အဝတ်တွေကို ဆွဲချွတ်ဖို့ ကြိုးစားခဲ့တာလဲ သူပဲ....ကျင်းယွမ်က ထိန်းချုပ်မှု လွတ်သွားတဲ့အချိန်မှာလည်း သူကသာ ကျင်းယွမ်ရဲ့ ကိုယ်တစ်ဝိုက်မှာ သူ့လက်မောင်းတွေ ပေါင်တွေကို တက်တက်ကြွကြွနဲ့ ချိတ်တွယ်ထားမိသူ!
အဲ့ဒီတော့ လက်ရှိမှာ ဘာဖြစ်သွားလဲဆိုတော့, ကျင်းယွမ်က သူ့အမနဲ့ စေ့စပ်ဖို့ ကြေညာပြီးပြီးချင်းပဲ သူက သူ့ယောက်ဖဖြစ်မယ့်သူနဲ့ အိပ်ယာထဲမှာ လုံးထွေးနေမိတဲ့အပြင် တစ်ဖက်လူကို မြှူဆွယ်မိတဲ့သူကလည်း သူဖြစ်နေတာပေါ့!
ဘာလို့ဒါတွေဖြစ်သွားရတာလဲ? ဘာလို့ဒါက အိမ်မက် မဟုတ်ရတာလဲ?
ပိုင်ရိဟန်, အရင်တစ်ခေါက်တုန်းကလည်း မင်းအမရဲ့ လက်ထပ်ပွဲကို ပျက်စီးစေခဲ့ပြီးနေပြီ, အခု အကုန်လုံး အစကနေ ပြန်စဖို့ အခွင့်အရေး ရလာတာတောင် မင်းလုပ်ခဲ့တဲ့ နောက်ထပ် အမှားက အရင်တစ်ခေါက်ထက် ပိုပြီးဆိုးဝါးနေသေးတာပဲ!
ဘာလို့ဒီလိုဖြစ်ရတာလဲ? မင်းက ဒီလောက်တောင် ငတ်ပြတ်နေတာလား? အရမ်းကို လိုချင်နေခဲ့တယ်ပေါ့? တကယ်ကြီး ဒီကိစ္စကို လုပ်ခဲ့တယ်! မင်းအမကို ဘယ်လိုမျိုး မျက်နှာပြမှာလဲ? မင်းမိဘတွေကိုရော? မကြာခင် နိုးလာတော့မယ့် ကျင်းယွမ်ကိုရော........ ဘယ်လိုပြောမှာလဲ?
ကျင်းယွမ်နိုးလာတဲ့အချိန်မှာ သူ့အနာဂတ် ယောက်ဖလောင်းနဲ့ ဆက်ဆံရေးတစ်ခု ရှိသွားပြီ ဆိုတာကို နားလည်လိုက်တဲ့အချိန် သူဘယ်လောက်တောင် ဒေါသထွက်ပြီး ရွံရှာသွားလိမ့်မလဲ? သူငါ့ကိုဘယ်လိုမြင်မလဲ?
အတိတ်ဘဝတုန်းက သူ့ကိုဝန်ခံတဲ့အချိန် သူ့ရဲ့ တုန့်ပြန်မှုကို ပြန်စဉ်းစားကြည့်လိုက်စမ်း!
YOU ARE READING
(Completed) Reborn as a good child
Romanceအသုံးမကျပဲဆိုးသွမ်းသည့်ကလေးတစ်ယောက်အနေဖြင့်နောက်ဆုံးတွင်ပိုင်ရိဟန်ကသူ့မိသားစုကိုအဆုံးသတ်စေခဲ့သည်။ ပြန်လည်မွေးဖွားပြီးနောက်သူသည်မိမိကိုယ်ကိုသန့်ရှင်းအောင်လုပ်ရန်နှင့်ကလေးကောင်းတစ်ယောက်ဖြစ်ရန်ကြိုးစားအားထုတ်ဖို့ဆုံးဖြတ်ခဲ့သည်။ သို့သော်အရာများစွာကသူမှေ...