Chapter《153》

9.7K 1.3K 26
                                    

Unicode

အခန်း(၁၅၃) -ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ?

ကျင်းယွမ်နောက်က ရိဟန်ကတော့ Ms လျှိုအား 'မပြောနဲ့' ဆိုတဲ့သဘောနဲ့ သူ့လက်ကို စိတ်အားထက်သန်စွာ ဝှေ့ယမ်းပြနေရှာသည်။ သို့သော်လည်း Ms လျှိုက အမြဲတမ်း စိတ်ထဲရှိတဲ့အတိုင်း မတုံ့မဆိုင်း ပြောတတ်တဲ့သူမျိုးလေ။ ရိဟန်ရဲ့ အမူအယာကို သတိပြုမိတဲ့အချိန်မှာ သူမက ကျင်းယွမ်အတွက် ရိဟန်တစ်ယောက် ဘယ်လိုမျိုး ဆန်ပြုတ် ပြုတ်ပေးထားလဲ ဆိုတာကို ပြောလို့ ပြီးနေလေပြီ။

"ဟော့တော့, ကျွန်မ မေ့သွားတာ" Ms လျှိုက ငေါင်တောင်တောင် ပြန်ပြောလာသည်။

"ပိုင်သခင်ငယ်လေးက Mr မုကို မပြောနဲ့လို့ ပြောထားတာ"

Ms လျှို ရဲ့ စကားကြောင့် ရိဟန်မှာ ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းငိုက်စိုက်ချမိတော့လေသည်။

ကျင်းယွမ်က လှည့်ကြည့်လာသည်။ သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးများက ရိဟန်ရဲ့ ဦးရေပြားကို လောင်ကျွမ်းလာစေတာကြောင့် တစ်ဖက်လူသည် ကျင်းယွမ်ကို ကြည့်ရမယ့်အစား ကြမ်းပြင်သို့သာ စူးစိုက်ကြည့်နေ၏။

"မြန်မြန်သွားစားတော့!" ရိဟန်ကခေါင်းငုံ့ထားရင်းဖြင့်ပင် ကျင်းယွမ်အား စားပွဲဆီ တွန်းသွားသည်။

"အေးသွားလိမ့်မယ်"

ကျင်းယွမ်က ထမင်းစား စားပွဲဆီသို့ လိမ်လိမ်မာမာ လျှောက်လာပေး၏။ သူထိုင်ချလိုက်တဲ့အချိန်မှာပဲ Ms လျှိုက မီးဖိုချောင်ထဲ ပြန်ပြေးဝင်သွားလေသည်။

"ကောင်းပြီ, အမ်း......" ရိဟန်က ညင်ညင်သာသာ ပြောလာသည်။

"စားကြည့်, ငါမြည်းကြည့်ပြီးသွားပြီ, ဆန်ပြုတ်ရဲ့ ပုံစံကသိပ်မကောင်းပေမယ့် အရသာက အဆင်ပြေပါတယ်"

ကျင်းယွမ်က ပန်းကန်လုံးဘေးမှာ Ms လျှို ချပေးသွားတဲ့ ဇွန်းကို ကောက်ယူလိုက်ပြီး ဆန်ပြုတ်တစ်ဇွန်းခပ်ကာ သောက်လိုက်သည်။

"အဆင်ပြေလား?" ရိဟန်မှာ စိတ်အားထက်သန်စွာ မေးမြန်းမိခြင်းအား သူ့ကိုယ်သူ မတားဆီးနိုင်ပေ။

(Completed) Reborn as a good childWhere stories live. Discover now