Chapter《71 and 72》

17.1K 2.3K 27
                                    

Unicode

အခန်း(71) - အရေခွံပါးတယ်

ယန်မှာ မနေနိုင်စွာဖြင့်ပင် ကျင်းယွမ်ရဲ့ ပုခုံးအား တင်းတင်းဖက်လိုက်မိသည်။ ဖုရဲန်သည်လည်း အပြစ်ရှိသလို ခံစားလိုက်ရ၏။

သူကျင်းယွမ်ကို အများကြီး အကြွေးတင်နေပြီ.....ဒီလူက သူ့ရဲ့ အငယ်ဆုံးသားလေးအပေါ် လုပ်ပေးသမျှက များပြားလွန်းလှတယ်

"ကျင်းယွမ်, ငါအဲ့ဒီအတွက် တောင်းပန်ပါတယ်" ဖုရဲန်က သက်ပြင်းချသည်.

"အဲ့ဒါက ကျွန်တော်လုပ်သင့်တဲ့ အရာပါ, မတောင်းပန်ပါနဲ့" ကျင်းယွမ်က အလျင်စလိုပြောပြီး သူ့မျက်နှာကတော့ အနေခက်မှုကြောင့် ခရမ်းချဉ်သီးလို နီရဲနေသည်။

"ကောင်းပြီ" ဖုရဲန်က ခေါင်းညိတ် လက်ခံလိုက်သည်။

"မင်းက လိမ်မာတဲ့ ကလေးပါ, မင်းကိုယုံကြည်ခဲ့တာ မမှားခဲ့ဘူးပဲ" ထိုသို့ပြောပြီးနောက် သူသမီးဘက်ကို အာရုံလွှဲလိုက်သည်။

"ရွှယ်ချင်း, အကယ်၍ ကျင်းယွမ်လို ကောင်းတဲ့ ယောကျာ်းလေးတစ်ယောက်ကို တန်ဖိုးမထားရင် တစ်သက်လုံး နောင်တရနေရလိမ့်မယ်"

ရွှယ်ချင်းက သူမရဲ့ အဖေအား လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

"စိတ်ချထားပါ, အဖေ" သူမကပြန်ပြော၏။

"သမီးသူ့ကို သေသေချာချာ 'တန်ဖိုးထား' ပါ့မယ်"

ကျင်းယွမ်က လျင်မြန်စွာ မတ်တပ်ထရပ်လိုက်ပြီး သူ့မျက်နှာကတော့ ပူလောင်နေသည်။

"ကျွန်တော်ပိုင်မိသားစုဆီ အရင်ပြန်နှင့်လိုက်ပါ့မယ်" သူကဆက်ပြောသည်။

"ကျွန်တော် ရိဟန်ကို အဖော်ပြုပေးလိုက်မယ်, သူ့ဘေးကနေ ကျွန်တော်ထွက်လာတာ ကြာနေပြီဆိုတော့ အရမ်းအန္တာရယ်များတယ်"

သူ့ခြေထောက်များက တံခါးကို ဝင်ဆောင့်လုနီးပါး အလျင်စလို လျှောက်သွားသည်။ သူက တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျန်သုံးယောက်အား ပြန်လှည့်ပင် မကြည့်နိုင်ပဲ ထွက်(ထွက်ပြေး) သွားတော့လေသည်။

ဖုရဲန်က နောက်ဆုံးတော့ စိတ်သက်သာရာရသွား၏။

"သူရှက်သွားတာပဲ, ဘယ်လောက်တောင် အရေခွံပါးလိုက်လဲ" သူကအပြုံးနဲ့ မှတ်ချက်ချသည်။

(Completed) Reborn as a good childTempat cerita menjadi hidup. Temukan sekarang